29 April 2024

————————————-

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၁

 

ဖိနပ်စက်ရုံမီးလောင်သွားတာကြောင့် စက်ရုံအတွင်းမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေမှာ ရုတ်တရက်ဆိုသလို အလုပ်လက်မဲ့ဘဝကို ကျရောက်သွားခဲ့ပါတယ်။ မီးလောင်မှုမဖြစ်ပွားခင်ကတည်းက ၄င်းစက်ရုံမှာ ၁၀-၃၀ နှစ်အထိလုပ်ကိုင်လာခဲ့တာဟု မျက်ရည်များကြားက အလုပ်သမားတွေဆိုသည်။

 

အောက်တိုဘာ ၁၉ ရက်၊ ည ၁၀ နာရီဝန်းကျင် စွယ်ကင်ကယောက် ၉/၁ လမ်း၊ ဘန်ဖရီးမြို့နယ် စမုပရာကန်ခရိုင် (ထိုင်းနိုင်ငံ) မှာရှိတဲ့ Wattana Footware Company Limited ဖိနပ်စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့နေရာမှာ စက်ရုံကြီးတစ်ခုလုံးပြာအတိဖြစ်သွားခဲ့တာကြောင့် စက်ရုံလည်ပတ်မှုတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်ရပါတယ်။

 

၄င်းစက်ရုံမှာလဲ နှစ်ပေါင်းအတော်ကြာ လုပ်ကိုင်လာခဲ့တဲ့ အလုပ်သမားတွေ ၂၀၀ ဦးထက်မနည်းရှိနေပါတယ်။ စက်ရုံကြီးမီးလောင်သွားတာကို မသိတဲ့အလုပ်သမားတွေက ပုံမှန်အလုပ်ချိန်အတိုင်း လုပ်ငန်းဆင်းလာချိန် ရုတ်တရက်ပြာပုံကြီးဖြစ်နေတဲ့ စက်ရုံကိုမြင်တွေ့တော့ ငိုသူလဲရှိ၊ ဝမ်းနည်းနေသူတချို့နဲ့ဖြစ်နေခဲ့ကြပါတယ်။

 

နောက်ပြီး စက်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူထံက သိရတာကတော့၊ စက်ရုံကိုလုံးဝပိတ်သိမ်းလိုက်ပါပြီ၊ အလုပ်သမားရဲ့နစ်နာကြေးကိုလဲ နောက်ဆုံးလအနေနဲ့ပဲ ထုတ်ပေးနိုင်လိမ့်လို့ အလုပ်သမားတွေကို အသိပေးခဲ့ပါတယ်။

 

စက်ရုံအတွင်းမှာတော့ လောင်ကျွမ်းထားတဲ့ မီးအပူရှိန်က ရှိနေသေးတဲ့အတွက် အသေးစိတ်ကိုစစ်ဆေးလို့မရသေးဘူးလို့ သိရပြီး၊ မီးလောင်ရာမှာ ပျက်စီးဆုံးရှုံးမှုတန်ဘိုးကို အတိအကျဖော်ပြလို့မရသေးဘူးလို့လဲ သိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: thairath.co.th

SHARE THIS NEWS

OTHER NEWS