12 May 2024

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၂

ထိုင်းကိုတရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့မြန်မာလုပ်သား ၃၀ ဦး မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင် ဝမ်ကျောက်မြို့နယ်တွင် အဖမ်းခံခဲ့ရပါတယ်။ ဒေသတွင်းအာဏာပိုင်တွေ သွားရောက်မဖမ်းခင်မှာ မြန်မာလုပ်သား ၃၀ ဦးမှာ မြန်မာပွဲစားဖြင့် ထိုင်းကိုဝင်ရောက်ဖို့အဆက်သွယ်ရလာပြီး ပွဲစားခကို ၁ ဦး ၂၅၀၀၀ လောက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းကိုသွားဖို့ အိမ်ကနေစထွက်လာတုန်းက ပွဲစားများဟာ သူတို့တွေကို အိမ်အထိကားနဲ့လာကြိုပြီး မြန်မာ-ထိုင်းနယ်စပ်ကို လာပို့ပေးပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကိုတော့ လှေနဲ့လာပို့ပါတယ်။ မဲ့ဆောက်မြို့နယ် တာ့ခ်ခရိုင်ဘက်ခြမ်းလို့ သိရပါတယ်။ ထိုနောက်မှာတော့ ကားနဲ့ဖုတ်ဖရာ့မြို့နယ်သွားတယ် ဟိုရောက်တော့ တောထဲလမ်းလျှောက်မထွက်ခင်မှာ ပွဲစားတွေက ထမင်းနဲ့ရေတွေကို ဝေပေးပါတယ်။ ပြီးတော့ ၇ ရက်လောက်လမ်းလျှောက်ခဲ့ရတယ် ဆိုပါတယ်။

လမ်းလျှောက်ထွက်လာပြီး ၂ ရက်နေ့မြောက်မှာတော့ ထမင်းနဲ့ဟင်းတွေ တစ်ရက်ကို ၂ ကြိမ်လာပေးပါတယ်။ ၃ ရက်နေ့မြောက်မှာ သတ်မှတ်ထားတဲ့နေရာကိုရောက်တော့ လမ်းပြဖြစ်သူက လာကြိုမယ့်သူတွေရောက်မလာသေးလို့ တောထဲမှာစောင့်ရမယ်လို့ ပြောပါတယ်။

ထိုနောက်မှာတော့ မြန်မာ ၃၀ ဦးမှာ ထမင်းတွေမစားရတော့ဘဲ တောတောင်တွေမှာပေါက်တဲ့ သစ်သီးတွေနဲ့ ၄ ရက်လောက် ရှာဖွေစားသောက်ရင်း ကားလာကြိုမယ့်အချိန်ကို စောင့်နေရတယ်လို့ သိရပါတယ်။

လာကြိုမယ့်ကားရောက်လာတော့ ကားနဲ့မြို့တွင်းကို ဝင်ရောက်ဖို့ကြိုးစားနေတုန်း ဒေသတွင်း အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်တာပါ၊ ထိုင်းအာဏာပိုင်များမှာ ဖမ်းမိတဲ့မြန်မာ ၃၀ ဦးက ထမင်းမစားရတာ ၄ ရက်ရှိပြီလို့သိပြီးနောက် အစားအသောက်တွေ အရင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS