26 April 2024

,

New Wongsakorn တို့အတွဲဟာ အနုပညာလောကထဲမှာ ချစ်သူသက်တမ်းကြာနေပြီး အရမ်းချစ်စရာကောင်းတဲ့ အတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ချစ်စရာကောင်းတဲ့ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာပေါ်မှာတင့်လေ့ရှိပြီး လတ်တစ်လောမှာတော့ ချစ်သူကိုခိုးရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုတစ်ခုကို New Wongsakorn က တင်ခဲ့ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က New Wongsakorn က “အခုတွေ့နေရတာ သူမ သရုပ်ဆောင်နေတာမဟုတ်ပါဘူး… သူမစိတ်ပျော်ရွှင်နေရင် ဒါမှမဟုတ် သူမစားချင်တဲ့အစားအစာတွေစားခွင့်ရသွားရင် ဒီလိုပဲ လွတ်နေတတ်တာပါ”

လို့ကပ်ရှင်ရေးပြီး အင်စတာဂရမ်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။

ဒါကတော့ Naow Tissanat ခိုးရိုက်ခံခဲ့ရတဲ့ဗီဒီယိုတိုတိုလေးပါ။ လမ်းတစ်လျှောက်လုံးမှာ ကပြီးသွားနေလိုက်တာ ခိုးရိုက်တာကိုတောင် မသိလိုက်ရှာဘူးနော်။

SHARE THIS NEWS

OTHER NEWS