9 May 2024

,

အချိုမှုန့်ဟာ ဟင်းလျာတွေရဲ့ အရသာကိုပိုပေါ်လွင်စေတာကြောင့်  အိမ်ရှင်မအတော်များများဟာ အရသာကောင်းအောင် ဆိုးပြီး အချိုမှုန့်ကို ဟင်းလျာတိုင်းမှာ ထည့်သုံးလေ့ရှိကြပါတယ်။ အချိုမှုန့်မှာစွဲလမ်းစေတဲ့ဓာတ်ပါဝင်ပါတယ်။ အချို့က အရသာကောင်းအောင်လို့အနည်းငယ်သာ သုံးကြပေမယ့် အချို့ဆိုရင် မပါမဖြစ်ဆိုသလို ဖြစ်နေတဲ့သူတွေတောင်ရှိပါတယ်။ အချို့မှုန့်အလွန်အကျွံစားခြင်းက စတဲ့ ဝေဒနာတွေခံစားရစေနိုင်ပါတယ်။

အလွန်အကျွံစားခြင်းမှဝေဒနာများ 

အချိုမှုန့်ကိုအလွန်အကျွံစားလျင်

– အော့အန်ချင်မယ်

– ခေါင်းကိုက်ပြီးမူးဝေမယ်

– မောနွမ်းမယ်

– မျက်နှာတွင်ထူပူခြင်း၊ အသက်ရှူခက်ခဲခြင်း၊

– အသားအရေယားယံခြင်း၊ နီရဲခြင်း

– ချွေးထွက်များခြင်း

– နှာစေးခြင်း ၊ နှာခေါင်းပိတ်ခြင်း

– စိတ်လေလွင့်ခြင်း

စတဲ့လက္ခတွေမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ 

– ဟင်းလျာထဲကိုထထည့်မယ့် အချိုမှုန့်ပမာဏကိုလျော့ချပါ

– အချိုမှုန့်ပါဝင်ပြီးသားဖြစ်တဲ့သိုလှောင်စာတွေကိုရှောင်ကြဉ်ပါ – ဥပမာ အသား‌ခြောက် ဟင်းခတ်ကြက်ပြုတ်ရေ

– လတ်ဆက်တဲ့ဟင်းသီးဟင်းရွက်အသားငါးတွေကိုသုံးဆောင်ပါ

– ရယ်ဒီမိတ်တွေစားသုံးတော့မယ်ဆိုရင်အချိုမှုန့်ပါဝင်နှုန်းကိုဖတ်ပြီး သင့်လျော်တဲ့ပမာဏခန့်ဟာစားသုံးပါ။

– အချိုမှုန့်စားသုံးခြင်းကြောင့်ကျန်းမာရေးထိခိုက်ခဲ့လျင် ဆေးရုံဆေးခန်းသွားပါ။

အချိုမှုန့်နဲ့ကျန်းမာရေးက ဒွန့်တွဲနေတာပါ အချိုမှုန့်ဟာအစားအစာတိုင်းမှာ သတ်မှတ်ချိန်ထက်မကျော်တဲ့ ပမာဏ ပါဝင်လေ့ရှိပါတယ်။ ရယ်ဒီမိတ်တွေကိုတော့ FDA အမှတ်တံဆိပ်ပါရှိတဲ့ ထုတ်ကုန်တွေကိုသာ ဝယ်ယူစားသုံးသင့်ပါတယ်။

SHARE THIS NEWS

OTHER NEWS