10 May 2024

ထိုင်းက ဝက်မွေးမြူရေးခြံတွေမှာ အာဖရိကအပြင်းဖျားဝက်ရောဂါ (ASF) ကူးစက်နေတာကြောင့် လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ထိုင်းမှာ ဝက်သား ၁ ကီလို ၂၅၀ ဘတ် ကနေ ၃၀၀ ဘတ်ထိ အဆမတန် ဈေးတတ်ခဲ့ပါတယ်။ ကုန်စိမ်းတွေမှာ ဝက်သားတစ်ကီလို ၂၂၀-၂၅၀ ဘတ်ပေးရပြီး စူပါမားကတ်တွေမှာ တစ်ကီလို ဘတ် ၃၀၀ ခန့်ထိရှိနေတာပါ။

ဝက်တွေမှာဖြစ်နေတဲ့ အာဖရိကအပြင်ဖျားဝက်ရောဂါကို ထိတ်လန့်ပြီး ယခုကာလမှာ စားသုံးသူအများစုက ဝက်သားအစား ကြက်သားအစားများလာတာကြောင့် ဒီရက်ပိုင်းအတွင်း ထိုင်းကုန်စိမ်းဈေးတွေမှာ ကြက်သားနှင့် ကြက်ဥတွေပါ ပြတ်လုနီးပါးဖြစ် နေပြီလို့သိရပါတယ်။

ဒီကနေ့ မှာတော့ ထိုင်းနိုင်ငံကြက်ဥရောင်းချသူများအသင်းက ဇန်နဝါရီလ ၉ ရက်နေ့ကကြေညာထားတဲ့အတိုင်း ကြက်ဥတစ်လုံးကို အရင်က .၈၀ ဘတ်ရောင်းချတာကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစလို့ ပြား ၂၀ ထပ်တိုးပြီး ကြက်ဥတစ်လုံးကို ၃ ဘတ်နှုန်းဖြင့်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

ကြက်မွေးမြူရေးခြံတွေကမြင့်တင်လိုက်တဲ့ ကြက်ဥဈေးနှုန်းကြောင့် လက်ရှိကုန်စိမ်းဈေးတွေမှာ ကြက်ဥတစ်ကတ်လျင် အနည်းဆုံး ၆ ဘတ်ထိ ဈေးတက်လာတာကိုတွေ့ရပါတယ်။

SHARE THIS NEWS

OTHER NEWS