26 April 2024

တက်ဆင် ထိုင်း​​မြေ​ပေါ်​ခြေချ
.
သြဂုတ် ၂၂ ရက်၊ ၂၀၂၃
.
ယ​နေ့မနက်တွင် ကိုယ်ပိုင်ဂျက်​လေယာဥ်ဖြင့် စင်ကာပူနိုင်ငံမှထွက်ခွာခဲ့ပြီး မနက် ၉ နာရီအချိန်တွင် ဒွန်​မောင်း​လေဆိပ်သို့ဆိုက်​ရောက်ခဲ့သည်။
.
ထိုင်းလူဝင်မှုတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ခံထားရ​သော တက်ဆင်ကို လာ​ရောက်လက်ခံခဲ့ပြီး ထိုင်းတရားရုံးချုပ်သို့ ​ခေါ်​ဆောင်သွားသည်။
.
တရားရုံးချုပ်မှတဆင့် ဗန်​ကောက်အကျဥ်း​ထောင်သို့ဆက်လက်​ခေါ်​ဆောင်သွားမည်ဖြစ်ပြီး ဝရမ်းစည်းကမ်းအရ အကျဥ်း​ထောင်တွင် အကျဥ်းသား အမည်စာရင်း​ပေးသွင်းရမည်။
.
အကျဥ်း​ထောင်တွင် ၄ ရက် ၅ ရက်ခန့် ထိန်းချုပ်ခံထားရမည်ဖြစ်ပြီး ဆရာဝန်အဖွဲ့၏သ​ဘောထားအရ ကျန်းမာ​ရေးအ​ကြောင်းပြချက်ဖြင့်အိမ်ပြန်ခွင့်ရရှိနိုင်သည်။
.
သူ၏မိသားစုဝင်များက ထိုင်းဘုရင်ထံ လွတ်ငြိမ်းချမ်းသာခွင့် ​လျှောက်ထားနိုင်သည်။
.
Photo: The Standard
.

SHARE THIS NEWS

OTHER NEWS