10 May 2024

ဆော့ဖ်ဝဲလ် ထုတ်လုပ်ရောင်းချ တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Kaspersky က အန္တရာယ်အရမ်းများတဲ့ ဂျိုကာအက်ပလီကေးရှင်း ၁၃ ခုကိုချပြခဲ့ပါတယ်။

 

အဲဒီအက်ပလီကေးရှင်းတွေကို မိမိရဲ့ ဖုန်းထဲမှာထည့်သွင်းထားမိခဲ့ရင် အသုံးပြုသူရဲ့ အချက်အလက် တွေကို ခိုးယူခြင်း၊ ဖုန်းထဲသို့ပေးပို့လာတဲ့ မက်ဆေ့တွေကို အလိုလျောက် ဖွင့်ဖတ်ခြင်းနှင့် နောက်ဆုံး Mobile banking ထဲကငွေတွေခိုးယူခံရခြင်းတို့ ဖြစ်နိုင်တယ်လို့ techtimes ဝဘ်ဆိုဒ်မှာဖေါ်ပြထားပါတယ်။

 

အန္တရာယ်ရှိတဲ့ဂျိုကာအက်ပလီကေရှင်းတွေကတော့

 

+ Classic Emoji Keyboard

+ Battery Charging Animations Bubble Effects

+ Easy PDF Scanner

+ Dazzling Keyboard

+ Halloween Coloring

+ EmojiOne Keyboard

+ Smart TV remote

+ Flashlight Flash Alert On Call

+ Volume Booster Hearing Aid

+ Now QRcode Scan

+ Volume Booster Louder Sound Equalizer

+ Super Hero-Effect

 

ဂျိုကာ အက်ပလီကေးရှင်းတွေကို လက်ရှိမှာ Google Play Store ကလည်း ပယ်ရှားခဲ့ပြီး ဖြစ်တာကြောင့် ပြန်လည်ဒေါင်းလုဒ် ရယူနိုင်တော့မှာမဟုတ်ပါဘူး။

 

ဒါပေမယ့်လည်း အဲဒီအက်ပလီကေးရှင်းတွေဟာ ဒေါင်းလုဒ် လုပ်ခဲ့ ဖူးသူတွေရဲ့ ဖုန်းထဲမှာ ဆက်လက်ကျန်ရှိနေဦးမှာ ဖြစ်တဲ့အတွက် ဖုန်းကိုအမြန်စစ်ဆေးပြီး ဖုန်းထဲမှာ ကျန် ရှိနေသေးရင် အမြန်ဆုံး ဖယ်ရှားသင့်ပါတယ်။

 

ဂျိုအက်ပလီကေရှင်းတွေ မိမိဖုန်းထဲမှာရှိ/မရှိ ဘယ်လိုသိနိုင်မလဲ ?

ဂျိုကာအက်ပလီကေးရှင်းတွေရှိနေတဲ့ ဖုန်းထဲမှာရှိနေခဲ့မယ်ဆိုရင် အသုံးပြုနေချိန်မှာ အက်ပလီကေးရှင်းတွေ အလိုအလျောက် ပိတ်သွားတာ/ရပ်သွားတာ၊ ဖုန်းဘက်ထရီ အရင်ကထက်အကုန်မြန်တာ၊ ပုံမှန်မဟုတ်တဲ့ notification တွေတက်နေတာ စတဲ့လက္ခဏာတွေနဲ့ကြုံတွေ့ရ မှာပါ။

 

ဆက်လက်ပြီး အဲဒီ ဂျိုအက်ပလီကေရှင်းတွေရဲ့ Malware ဟာ မက်ဆေ့ပို့ခြင်း သို့မဟုတ် ဖုန်းချင်းချိတ်ဆက်ခြင်းကတစ်ဆင့် Android ဖုန်း အသုံးပြုသူတွေကြား ကူးစက်နိုင်တာကြောင့် ဖုန်းထဲမှာ မိမိကိုယ်တိုင် မထည့်သွင်းထားဘဲ ဂျိုကာအက်ကလီကေးရှင်းတွေ ဝင်ရောက်နေတယ်ဆိုရင် အမြန်ဆုံးဖယ်ရှားပစ်ဖို့ အကြံပြုလိုက်ပါတယ်။

SHARE THIS NEWS

OTHER NEWS