27 April 2024

ထိုင်းနယ်စပ်နှင့်မနီးမဝေး မြန်မာဘက်ခြမ်းတွင် နေ့လယ် ၂ နာရီအချိန်ထိ လက်နက်ကြီးသံကြားနေရဟုစစ်ဘေးရှောင်များ ဆို။

 

ယနေ့မနက် ၆ နာရီအချိန်ကစပြီး မြန်မာဘက်ခြမ်းရှိ ဖလူးကြီးနှင့်ဖလူးသေးဘက်တွင် သေနတ်သံထပ်ကြားနေရပြီး နေ့လယ် ၂ နာရီအချိန်ထိ လက်နက်ကြီးသံများ အဆက်အပြတ်ကြားနေရသည်ဟု စစ်ဘေးရှောင်များထံမှသိရသည်။

 

လေယာဉ်ဖြင့်လာပစ်ခတ်မည်ဆိုသည့်သတင်းကြောင့် မြန်မာဘက်ခြမ်း သောင်းရင်းမြစ်နံဘေးတွင် စစ်ဘေးရှောင်နေရသည့်ပြည်သူများက သစ်ပင်အောက် ဝါးပင်အောက်တွင် ပုန်းရှောင်နေရသည်ဟုသိရသည်။

 

“တိုက်ပွဲ ဖြစ်နေတာတော့မဟုတ်ပါဘူး တဖက်ကလှမ်းပစ်တဲ့သေနတ်သံပဲ ကြားနေရတယ်။ ဒီဘက်ကပြန်ခုခံပစ်တဲ့အသံကတော့ မကြားရဘူး” ဟု စစ်ဘေးရှောင်များကိုသွားရောက်ကူညီပေးနေ သူတစ်ဦးကဆိုသည်။

 

သတင်း ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS