10 May 2024

——————————-

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

.

အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်း ၄ နာရီခွဲအချိန်လောက်မှာ နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်လာတဲ့မြန်မာ ၅ ဦးကိုဖမ်းဆီးမိခဲ့တယ်လို့ စံခလဘူရီမြို့နယ်ရှိ အာဏာပိုင်တွေရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

မြန်မာ ၅ ဦးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦီးဖြစ်ပါတယ်။ သူတို့ကို မူ ၃ နောင်လူးကျေးရွာအုပ်စု၊ စံခလဘူရီမြို့နယ်တွင်ဖမ်းဆီးလိုက်တာပါ။

 

မြန်မာ ၅ ဦးကိုဖမ်းဆီးခြင်းကလွတ်အောင် တင်ပြေးတဲ့ ထိုင်းနိုင်ငံသား အသက် ၃၂ နှစ်နဲ့ အသက် ၂၈ နှစ် နှစ်ဦးကိုပါဖမ်းဆီးရမိထားပါတယ်။ မြန်မာတွေဆီက တစ်ဦးကို ၃၀၀ ဘတ်ရတယ်လို့ ထိုင်းနိုင်ငံသားနှစ်ဦးကပြောပါတယ်။

.

ဓါတ်ပုံ -ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

SHARE THIS NEWS

OTHER NEWS