12 May 2024

သြဂုတ်လ ၁၂ ရက်နေ့ ၂၀၂၁ ထိုင်းနိုင်ငံမြောက်ပိုင်းရဲဌာနချုပ်က အွန်လိုင်းကနေ လက်နက်မှောင်ခိုရောင်းချသူ ၃ ယောက်ကို သေနတ်အလက် ၃၅၀၀ ၊ ကျည်ဆန်ပေါင်း ၁ သန်းလောက်နဲ့အတူ ဩဂုတ် ၁၁ ရက်က ဖမ်းဆီးရမိတယ်လို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း ဗန်ကောက်ထိုင်းဗဟိုရဲဌာနချုပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

လက်နက်မှောင်ခိုရောင်းချသူ ၃ ယောက်ကတော့ ခွန်ကင်ခရိုင်မှာ ၁ ယောက် ချင်းရိုင်းခရိုင်မှာ ၂ ယောက်ဖြစ်ပါတယ်။ ၃ ယောက်လုံးဆောင်ရွက်ပုံတွေမှာ ဖေ့ဘွတ်ခ်နဲ့ ဝက်ဘ်ဆိုဒ်တွေမှာရောင်းချနေထာဖြစ်ပါတယ်။ ခွန်ကန်ခရိုင်မှာ အသက် ၃၈ နှစ်အရွယ် ဒါနုနိုင်ဆိုတဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းမိပြီး စစ်ဆေးရေးအဖွဲ့တွေ မေမြန်းကြည့်တော့ ၄င်းတို့လုပ်လာတာ ၅ နှစ်ရှိပြီး၊ လာရောက်ဝယ်သူတွေ ၅၀,၀၀၀ သောင်းဦီးထက်မနည်းရှိပြီး၊ တစ်လလျှင်ဝင်ငွေ ၃၀၀,၀၀၀ ဘတ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

 

 

ချင်းရိုင်းခရိုင်ထဲမှာ ဖမ်းမိတဲ့ ၂ ယောက်ကတော့ လက်နက်မောင်ခိုလုပ်လာတာ ၄ နှစ်ရှိပါပြီ။ ဝယ်သူ ၂၀,၀၀၀ သောင်းလောက်ရှိပြီးတော့ တစ်လလျှင် ဝင်ငွေ ၁၀၀,၀၀၀ ဘတ်အထိရတယ်ဟု ထွက်ဆိုကြပါတယ်။

 

 

သေနတ်တွေကို ကြော်ငြာရောင်းချဖို့ ဖေ့ဘွတ်ခ်၊ ဝက်ဆိုက်တခုလည်းတင်ထားပြီး ထိုင်းနိုင်ငံတဝန်းက ဖောက်သည်တွေက Line အပလီကေးရှင်းကတဆင့်မှာဝယ်ယူကြကာ ဘဏ်ကနေ ငွေပေးချေရတယ်လို့ဆိုပါတယ်။ ဒီနောက် ပစ္စည်းပို့တဲ့ ကုမ္ပဏီကနေတဆင့် ပါဆယ်နဲ့ လက်နက်တွေပေးပို့ကာ တရားမဝင် ရောင်းဝယ်ဖောက်ကားကြတာလို့ သိရပါတယ်။ ဒီလက်နက်တွေဟာ အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်၊ တူရကီ၊ စပိန်နဲ့ တရုတ်နိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲကိုမှောင်ခိုသွင်းလာတာလို့ ဆိုပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: สถานีโทรทัศน์สำนักงานตำรวจแห่งชาติ/ThaiPost #လက်နက်မောင်ခို #သေနတ် #ကျည်ဆန်

SHARE THIS NEWS

OTHER NEWS