28 April 2024

မြန်မာလုပ်သား ၄ ဦးကို အလုပ်ရှာအေဂျင်စီကရိုက်နှက်၊ သေပြီလို့ထင်ပြီရေချောင်းထဲသွားရောက်စွန့်ပစ်။ အသက်မသေပဲ ပြန်လည်လွတ်မြောက်

 

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘင်း မြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင့်မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၄ ဦးကို အောက်တိုဘာ ၅ ရက်နေ့ ည ၉ နာရီအချိန်မှာလူတစ်စုကားနဲ့လာခေါ်သွားပြီး ဆီအုန်းခြံအတွင်းမှာ မသေမချင်းညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပါတယ်။

 

မြန်မာတွေကိုညှင်းပန်းနှိပ်စက်သူမှာ ဘန်းဘင်းမြို့နယ်အတွင်းမှာရှိတဲ့ အလုပ်ရှာအေဂျင်စီကလူတွေလို့ အသက်မသေဘဲပြန်လည်လွတ်မြောက်လာတဲ့ မြန်မလုပ်သားတွေကဆိုသည်။

 

“ကျနော်တို့ အလုပ်မရှိလို့ အွန်လိုင်းပေါ်မှာ အလုပ်ရှာပါတယ်။ မြန်မာပွဲစားအဆက်သွယ်နဲ့ ဒီအေဂျင်စီဆီရောက်လာပါတယ်။ပြီးတော့ ဘန်းဘင်းမြို့နယ်ကဆောက်လုပ်ရေးတစ်ခုမှာ အလုပ်လာသွင်းတယ်။ အလုပ်မသွင်းမီ ပွဲစားခတွေလဲပေးရတဲ့အပြင် ကိုဗစ်စစ်ဆေးခလဲပေးရပါတယ်။ ကျနော်တို့ရဲ့ ပတ်စပို့ကိုယူပြီသိမ်းထားတယ်။ တောင်းလဲပြန်မပေးဘူး ပတ်စပို့က မိတ္တူကူးမယ်ဆိုပြီးလိမ်တောင်းသွားတာပါ။ ပြန်လိုချင်တယ်ဆိုရင် ၂၅၀၀ ဘတ်ပေးရမယ်လို့ အလုပ်ရှအေဂျင်စီကပြောပါတယ်။

 

 

ဒီမှာဆောက်လုပ်ရေးဝင်လုပ်ကတည်းက စာအုပ်တွေအသိမ်းခံရတယ်လို့ မြန်မာလုပ်သားတွေကဆိုသည်။ အလုပ်ထဲမှာလဲအဆင်ပြေဘူး အလုပ်သာလုပ်နေရတယ်ရေချိုးရတဲ့ရက်တွေလဲမရှိဘူး။ အလုပ်ထဲမှာမီးကမလုံလောက်သလို ထမင်းဟင်းချက်တာကအစ အခက်ခဲရှိတယ် အဲဒါကိုအလုပ်ထွက်ဖို့ပြောတော့ ကျနောတို့ကိုကားနဲ့လာခေါ်တယ်။ လာခေါ်တုန်းကတော့ဘာမှမလုပ်ပါဘူးလို့ ပြောပြီးခေါ်သွားပါတယ်။

 

ကျနော်တို့လဲ ကားပေါ်ကိုတက်ပြီးလိုက်လာခဲ့တယ်၊ အဲဒီညက မိုးလဲအရမ်းရွာတယ် လူလဲရှင်းတယ်။ ဆီအုန်းထဲကိုရောက်သွား တယ်။ အနက်ရောက်ဝတ်ဆင်ထာတဲလူတစ်စု ကျနော်တို့ကို ကျင်စက်နဲ့စတို့တယ် ခြေထောက်နဲ့ဝိုင်းကန်ကြတယ်။ အဲဒီနောက် သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေချိန်မှာ ကျနော်တို့ရဲ့ ခြေလက်တွကိုကိုင်ပြီး ကားပေါ်ပစ်တင်လိုက်တယ်။ ချောင်းနားကိုမရောက်ခင်မှာလဲ ကားပေါ်မှာ ကန်တယ်။ လည်ပင်းကိုခြေထောက်နဲ့နှင်းတယ်။ ကျနောတို့ငြိမ်သွားပြီးမှာနောကမှာ ဘာဆက်ဖြစ်နေသေးလဲဆိုတာတော့ မသိရတော့ပါဘူး။

 

 

အဲဒီနောက် ချောင်းထဲကိုပစ်ချတယ်။ ပါးစပ်ထဲကိုရေဝင်တော့မှ သတိရလာပြီး၊ ကမ်းစပ်ကိုကူးခတ်ပြီးနေတယ်လို့ မြန်မာလုပ်သားတွေကဆိုသည်။ မနက်မိုလင်းချိနရောက်တော့ နီးနားမှာရှိတဲ့ အိမ်တွေကို အကူညီလိုက်တောင်းပါတယ်။ ကူညီမှုမရတဲ့အပြင်မောင်းထုတ်ပါခံရတယ်လို့ မြန်မာလုပ်သားတွေက ဆိုသည်။

 

ကံကောင်းရှာတော့ အဒေါ်တစ်ဦိးက ကျနော်တို့ရဲ့ ဒဏ်ရာတွေကြည့်ပြီး ဘာဖြစ်လာတာလဲလို့မေးတယ်၊ ဖြစ်ခဲ့တဲ့အကြောင်းတွေပြောပြတော့ ထိုထိုင်းအဒေါ်ကြီးကချွန်ဘူရီခရိုင် ဘန်ဘင်းရဲစခန်းကို လှမ်းတိုင်တယ် ထိုနောက်ရဲတွေရောက်လာပြီး ဆေးရုံကိုရောက်သွားတယ်လို့” မြန်မာလုပ်သားတွေကဆိုသည်။

 

ထိုနောက် မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ချွန်ဘူရီဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား(၄) ဦီး အရိုကခံရပြီး (၃) ဦး ပျောက်ဆုံးနေကြောင်း မခိုင်ခိုင်ဆိုသူမှ ဖုန်းဖြင့် အလုပ်သမားသံအရာရှိရုံးကို တိုင်ကြားအကူအညီ တောင်းခံလာတယ််လို့ အလုပ်သမားသံအရာရှိရုံးရဲဖေ့ဘွတ်စာမျက်နှာဖော်ပြထားပါတယ်။

 

အဲဒီနောက် မြန်မာအာဏာပိုင်တွေက ဖုန်းဖြင့်ဆက်သွယ်လာသူကို အသေးစိတ်အချက်အလက်သိရှိရန် တိုင်ကြားသူကို စိစစ်မေးမြန်းပြီးနောက်၊ ညနေ ၄ နာရီ အချိနတွင် ဘန်ကောက်၊ ရာဝနရဲစခန်းသို့ သွားရောက်၍ တိုင်ကြားမှုနှင့် ပတ်သက်ပြီး ကနဉီးစုံစမ်းပေးနိုင်ရန်အတွက် ချွန်ဘူရီရဲစခန်းနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပတယ်။

 

အောက်တိုဘာ ၉ ရက်နေ့ နေ့လည်ပိုင်း ၁၃:၀၀ နာရီတွင် အလုပ်သမားသံအရာရှိရုံးမှ တာဝန် ရှိသူနှင့် TCTF အကြံပေး ဉီးစိုင်းအေးတို့က ချွန်ဘူရီခရိုင်၊ (ဘနဘင်း)နယ်မြေရဲစခန်းသို့ သွားရောက်၍ အမှုဖြစ်စဉ်အား ကနဉီးစုံးစမ်းမေးမြန်းခဲ့ပါတယ်။

 

အဲဒီနောက် ၄င်းအမှုမှာ လူကုန်ကူးမှုမမြောက်ကြောင်း၊ ခရိုင်လူကုန်တားအဖွဲ့နှင့် လူမှုဝန်ထမ်းအဖွဲ့မှ ဆေးရုံသို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။ အရိုက်ခံရသူမြန်မာ၄ဉီးမှာ သူရိန်ဝင်း၊ ဝင်းစိုးဉီး၊ မိုးဝင်းနှင့် မောင်ကျော်တို့ ဖြစ်ပါတယ်။

 

 

မြန်မာလုပ်သားတွေကို ရိုက်နှက်သူမှာ ထိုင်းလူမျိုးဖြစ်နိုင်သည်ဟု ယူဆထွက်ဆိုထားပါတယ်။ ထိုင်းအလုပ်ရှင်ကို သိသော်လည်း အလုပ်လာသွင်းတဲ့ ပွဲစားကို မသပါ။ ထိုနောက်အလုပ်သမား ၃ ဉီးကို မြန်မာအာဏာပိုင်တွေက ဘန်းဘင်းရဲစခန်းတွင် သွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

မြန်မာ ၄ ဦီးမှာ ၃ ဉီးက ဆေးရုံဆင်းခွင့်ရပြီး ကျန် ၁ ဦးကတော့ ဆေးရုံကမဆင်းနိုင်သေးကြောင်း သိရပါတယ်။ မြန်မာလုပ်သမားသအရာရှိမှ မြန်မာလုပ်သားတွေရဲ့လုပ်အားခကျန်ငွေများ ကိုရအောင် ဆောင်ရွက်ပေးပြီး၊ သူတို့ကိုရိုက်သည့် တရားခံအား ဖော်ထုတ် အရေးယူရန်ဆောင်ရွက်ပေးပြီး၊ စိတ်ချရသည့် အလုပ်တွင်လုပ်ကိုင်တွေကို စီစဥ်ဆောင်ရွက်ပေးခဲ့ပါတယ်။

 

ထိုနောက် သံအရာရှိများမှ T & J ဆောက်လုပ်ရေး အလုပ်ရှင်အား ဆက်သွယ်ရာ၌ ၄ ဉီးအနက် ၂ ဉီးသာ လုပ်ခ ကျန်ငွေရှိကြောင်း အလုပ်သမားများ ရှေ့မှောက်ဆက်သွယ်သိရှိရပြီး Mobile Banking စနစ်မှ တစ်ဆင့် လုပ်အားခကျန်ငွေ ဘတ် ၇၂၀၀ ဘတ်ကို အလုပ်သမား များထံ ပေးအပ်ခဲ့ပါတယ်။

 

ဆက်လက်ပြီး အမှုဖော်ထုတ်နိုင်ရေး အထောက်အကူပြုနိုင်ရန် လိုအပ်မည့် အထောက်အထား ဓာတ်ပုံများအား ရဲစခန်းသို့ ပေးအပ်ခဲ့ပါတယ်။ အောက်တိုဘာ ၂၆ရက် ၁၂:၀၀ နာရီမှာတော့အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူနှင့် TCTF ဉီးမင်းထွန်းအဖွဲ့တို့မှ ချွန်ဘူရီမြို့သို့ ရောက်ရှိပြီး ရိုက်နှက်ခံရသူ ၄ ဉီး ခေတ္တထားရှိရာနေရာသို့သွားရောက်ခေါ်ဆောင်၍ ချွန်ဘူရီ အလုပ်အကိုင်ဌာန တာဝန်ခံအရာရှိများကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

ချွန်ဘူရီခရိုင် အလုပ်အကိုင်ရှာဖွေးရုံးက မြန်မာလုပ်သား ၄ ဉီး၏ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်မှတ်တမ်း၊ အလုပ်လုပ်ကိုင်ခဲ့သည့် အစီအစဉ်များကို ကွန်ပျူတာ စနစဖြင့် ရှာဖွေစိစစ်ပြလုပ်ခဲ့ပါတယ်။ မြန်မာ ၄ ဦးမှာတော့ ၂ ဦးကအထောက်အထားရှိတယ်။

ကျန်တဲ့ ၂ ဦးကတော့ အထောက်အထားမရှိပါ။ ထိုနောက် အလုပ်သမား ၄ ဉီးအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အထောက် အထားများ ရရှိအောငဆောင်ရွက်ပေးသွားမယ်လို့ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး တာဝန်ခံတစ်ဦးမှ သိရပါတယ်။

 

 

ညနေ ၃ နာရီဝန်းကျင် မြန်မာသံအရာရှိတွေ ဘန်းဘင်ရဲစခန်းသို့ သွားရောက်ခဲ့ပါတယ်။ တရားခံ၏ ရုပ်ပုံအား ရရှိပြီး၊ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်။ ရိုက်နှကခံရမှုအတွက် နစ်နာကြေး ရရှိအောင် တရားရုံး ထောက်ခံစာ ပြုလုပ်ပေးမည်ဖြစ်ပြီးဟု ဘန်ဘင်းရဲစခန်းထံက သိရှိရပါတယ်။

 

ထို့နောက်မှာတော့ ဒေသခံ လူမှုအခြေပြုအဖွဲ့၏ အကူအညီဖြင့် အလုပ်သမား ၄ ဉီး လုံခြုံစိတ်ချစွာ နေထိုင်စားသောက်နိုင်မည့် နေရာအား စီမံပေးခဲ့ပြီးပြန်လည်ထူထောင်နိုင်သည်အထိ တစ်ပတ်၊ နှစ်ပတ်ခန့် အနားယူရန်စေပြီး၊ ရဲစစ်ဆေးမှု ဆက်လက်ခံယူရန်၊ တရားဝင်အထောက်အထားဖြင့် အလုပ်အကိုင်သစ်ရရှရန်တို့ ဆက်လက် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ အလုပ်သမားသံအရာရှိ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS