3 May 2024

စမွတ်ဆာခွန်ခရိုင် ဘန့်ဖြောင်းမြို့နယ် အုန်းသီးစက်ရုံတစ်ခုတွင် တရားမတင်အလုပ်လုပ်ကိုင်နေသည့်မြန်မာလုပ်သား ၆၅ ဦး ပြီးခဲ့သည့်ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရ။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် စမွတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဘန့်ဖြောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များပါဝင်သည့် အဖွဲ့စုံတပ်ဖွဲ့သည် အမှတ် ၁၀၈၊ အိမ်ရာ ၄၊ ဘန်ရုံခေးကျေးရွာအုပ်စု၊ ဘန်းဖြောင်းမြို့နယ်၊ စမွတ်ဆာခွန်ခရိုင်ရှိ တရုတ်နိုင်ငံသားပိုင် ထိုင်အင်တာနေရှင်နယ် အုန်းသီးစက်ရုံကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမြန်မာလုပ်သား ၇၅ ဦးအနက် တရားဝင်အထောက်အထားမပြည့်စုံသူ ၆၅ ဦးကိုဖမ်းဆီးနိုင်ခဲ့သည်ဟု NTK သတင်းဌာနကဖော်ပြထားသည်။

 

 

၎င်းတို့အထဲတွင် နေရပ်လိပ်စာမတူသူ ၁၂ ဦး၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိသူ ၅၃ ဦး၊ အထောက်အထားတစ်စုံတစ်ရာမှမရှိသူ ၁ ဦးပါဝင်သည်ဟု ဆိုသည်။

 

ထို့နောက် ဖမ်းဆီးရမိသူများအား ဘန့်ဖြောင်းနယ်မြေရဲစခန်းသို့ခေါ်ဆောင်သွားသည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS