4 May 2024

အသက် ၃၀ နှစ်ရှိ အမေရိကန်အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ပျောက်ကင်းပြီးနောက် ဖွားဖက်တော် ၁ လက်မခွဲကျုံ့သွားသည်ဟု လူမှုကွန်ရက်ပေါ် ချပြ။

အသက် ၃၀ နှစ်ရှိ အမေရိကန်အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင်ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီးနောက် ဆိုးဆိုးရွားရွားနာမကျန်းဖြစ်ခဲ့ပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလာသည့်အခါ(ပန်းသေ)

လိင်တံမမာသည့်ကျန်းမာရေးပြဿနာနှင့်ရင်ဆိုင်ခဲ့ရသည်ဟု သူ၏လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု တွင်ချပြခဲ့ကြောင်း နိုင်ငံခြားသတင်းဌာနများက ယနေ့ (ဇန်နဝါရီ ၁၄) တွင်ဖော်ပြထားသည်။

လိင်တံမမာသည့်ပြဿနာကို ပျောက်ကင်းအောင်ကုသနိုင်ခဲ့သော်လည်း သူ၏ဖွားဖက်တော်မှာ နဂိုကထက် ၁ လက်မခွဲတိုဆင်းသွားသည်ဟု ဖော်ပြထားသည်။

“ကျနော့်ရဲ့ဖွားဖက်တော်တိုဆင်းသွားတယ် ကိုဗစ်မဖြစ်ခင်က ပျမ်းပျညွှန်းကိန်းအထက်မှာရှိတယ် သိပ်မကြီးပေမဲ့ သာမာန်ထက်တော့ကြီးတာသေချာပါတယ် အခုကျနော် ၁ လက်မခွဲလောက်ဆုံးရှုံးသွားတယ် ပြီးတော့ ပျမ်းမျှညွှန်းကိန်းအောက်ကိုရောက်သွားတယ်” ဟု ရေးသားထားသည်။

ယင်းလက္ခဏာသည် နာမကျန်းဖြစ်စဉ်သွေးကြောထိခိုက်ခြင်း၏နောက်ဆက်တွဲအကျိုးဆက်ဖြစ်ပြီး ပုံမှန်ပြန်မဖြစ်တော့ဘဲ ရာသက်ပန်ဖြစ်သွားမည်ဟု သူ၏ဆရာဝန်ကမှတ်ချက်ပေးထားပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုကျဆင်းခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါလိင်တံကျုံ့ဆင်းသွားသည့်လက္ခဏာသည် ပန်းသေခြင်းကြောင့်ဖြစ်ပေါ်လာသည့်နောက်ဆက်တွဲလက္ခဏာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပေါ့လန်းမြို့ရှိ ဆီးလမ်းကြောင်းအထူးကုဆရာဝန်တစ်ဦးကဆိုသည်။

ပန်းညိုးနေသည့်ကာလတွင် လိင်တံဆီသို့သွေးလည်ပတ်မှုမရှိခြင်းကြောင့် လိင်တံကိုကျုံ့ဝင်သွား စေသည်ဟု မှတ်ချက်ပေးသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS