10 May 2024

,

ဓာတ်ပုံ Siamsport

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့ချုပ် (WADA) ၏ ပိတ်ပင်ခြင်းကိုခံထားရ၍ အာရှခြေစစ်ပွဲဝင်မည့်ထိုင်းယူ-၂၃ အသင်းသည် ထိုင်းအလံပါရှိသည့်ပြိုင်ပွဲဝတ်စုံဝတ်ဆင်ခြင်းနှင့်ပြိုင်ပွဲမစတင်မီ ထိုင်းနိုင်ငံ တော်သီချင်းသီဆိုခြင်းတို့ကို ပြုလုပ်နိုင်မည်မဟုတ်ဟု ထိုင်းနာမည်ကြီးအားကစားသတင်းဌာနတစ်ခုဖြစ်သော Siamsport သတင်းဌာနမှဖော်ပြထားသည်။

ထို့ကြောင့် မွန်ဂိုလီးယားနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်ရမည့် အာရှခြေစစ်ပွဲတွင် ထိုင်းယူ-၂၃ အသင်းသည် ထိုင်းအလံမပါရှိသည့်ဝတ်စုံဖြင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး တခြားအသင်းကဲ့သို့ နိုင်ငံတော်သီချင်းသီဆိုခြင်းမရှိဘဲ ယှဉ်ပြိုင်ကစားရမည်ဟု ဆိုသည်။

ထိုင်းယူ-၂၃ အသင်းသည် မလေးရှား၊ လာအို၊ မွန်ဂိုလီးယားအသင်းတို့နှင့်အတူ အုပ်စု(ဂျေ) တွင်ကျ ရောက်နေပြီး အဆိုပါခြေစစ်ပွဲကို မွန်ဂိုလီးယားနိုင်ငံတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် မွန်ဂိုလီးယားနိုင်ငံသို့ထွက်ခွာသွားပြီဟု သိရသည်။

အသင်းမန်နေဂျာ မာဒမ်ပန်က အင်္ဂလိပ် ပရီးမီးယားလိပ်အသင်းတစ်သင်းဖြစ်သည့် လက်စတာစီးတီးကွင်းလယ်လူ ဓနဝပ် ကိုအသင်းခေါင်းဆောင်ခန့်အပ်ထားပြီး လက်ရွှေးစင်အတွေ့အကြုံမရှိသည့် ကစားသမားတချို့ဖြင့် အသင်းကိုစုဖွဲ့ထားသည်ဟု သိရသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS