28 April 2024

,

ဖခင်ဖြစ်သူ၏အသက်ကိုထီကံစမ်းရာမှ ထိုင်းရောက်မြန်မာအမျိုးသားတစ်ဦး ထိုင်းထီအနောက် နှစ်လုံးတိုက် ၅ စောင်ကံထူး၊ ဘတ် ၁ သောင်းရရှိ။

အသက် ၅၇ နှစ်တွင်ကွယ်လွန်သွားသည့် ဖခင်ဖြစ်သူ၏ ၄ နှစ်မြောက်နှစ်ပတ်လည်တွင် ၅၇ နောက်ပိတ် ထီလက်မှတ် ၅ စောင်ဝယ်ယူရာမှ အနောက်နှစ်လုံးတိုက်ကံထူးခဲ့သည်ဟု Ko Aung Naing လူမှုကွန်ရက်အကောင့်ကဖော်ပထားသည်။

“ဝမ်းသာကြစေချစ်မိတ်ဆွေ…နဲသည်များသည်မဆို၊ ထီပေါက်တယ်ဆိုပဲဝမ်းသာလှပါပြီ… အဖေဆုံး တာလေးနှစ်ပြည့်အထိမ်းမှတ်နဲ့…အဖေ့အသက်၅၇ကိုထိုးလိုက်တာ၊ ဦးလေးတစ်ယောက်ထီရောင်း နေတာ..ဝယ်မယ်ပေါ့သွားတော့လိုချင်တာနှစ်ရွက်..ရှိတာကလေးရွက်၊ ခွဲရောင်းပါလားဗျာဆို့တော့ …မရဘူးတဲ့???? လေးရွက်၅ရာရောင်းတာ..​ရှော့ပေမယ်..၄၅၀နဲ့ယူတဲ့၊ ဝယ်လာခဲ့တာ…☺️☺️☺️ ခုတော့ပေါက်သွားတယ် ပျော်ရွင်းပီလေချစ်မိတ်ဆွေရေ” ဆိုပြီးဖော်ပြထားသည်။

အနောက်နှစ်လုံးတိုက်ဆုငွေသည် ဘတ် ၂ ထောင်ဖြစ်၍ စုစုပေါင်းဆုငွေ ဘတ် ၁ သောင်းရရှိမည်ဟု သိရသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS