28 April 2024

အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ NDB Inc ဟာ နျူကလီးယားစွမ်းအင်မှ ထွက်ရှိလာတဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ဆယ်စုနှစ် တစ်ခုမှ နှစ် ၂၈,၀၀၀ လောက်ထိ အားပြန်ဖြည့်စရာမလိုတဲ့ ဘက်ထရီများထုတ်လုပ်ရန် ဆန္ဒရှိနေပါတယ်။

 

ဒီစီမံကိန်းရဲ့ ပန်းတိုင်ကတော့ ၂၀၄၀ ခုနှစ်မှာ ကမ္ဘာကြီးပေါ်ရှိ ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကို ရပ်တန့်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

 

ယခုနည်းပညာရဲ့ အဓိကလုပ်ဆောင်ရမယ့် ပစ္စည်းကတော့ နျူကလီးယားစွန့်ပစ်ပစ္စည်းအသေးလေး တစ်ခုပဲဖြစ်ပါတယ်။

 

NBD ရဲ့ သုတေသီများက ဂရပ်ဖိုက် နျူကလီးယားဓာတ်ပေါင်းဖိုများမှ လောင်စာချောင်းများ ဓာတ်ရောင်ခြည် စုပ်ယူပြီး ရေဒီယို သတ္တိကြွဓာတ် ရှိလာတဲ့ အစိတ်အပိုင်းများကို ဘယ်လိုအသုံးချရမလဲဆိုတာလေ့လာနေပါတယ်။

 

ဂရက်ဖိုက်ဟာ ရေဒီယို အိုင်ဆိုတုပ် ကာဗွန် – ၁၃ (C-14) ကြွယ်ဝပြီး beta decay ဖြစ်စဉ်မှ နိုက်ထရိုဂျင်အဖြစ် (N-14) ရောက်စေကာ အီလက်ထရွန်တလုံး ထွက်လာစေပါတယ်။

 

NDB ဟာ ဒီဂရပ်ဖိုက်ကို သန့်စင်ပြီး အလွန်သေးငယ်တဲ့ Nanoscale လောက် C-14 စိန်လေးများအဖြစ်ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။

 

 

အဲဒီ Crystal Lattice ဟာ Semiconductor အဖြစ်နှင့် အပူစုပ်ယူတဲ့ ပစ္စည်းအဖြစ် လုပ်ဆောင်ပြီး လျှပ်စစ်ဓာတ်ကို စုဆောင်းပြီး အပြင်သို့ သယ်ဆောင်စေမှာ ဖြစ်ပါတယ်။

 

ရေဒီယို သတ္တိကြွစိန်ဟာ ဓာတ်ရောင်ခြည် ယိုစိမ့်မှုနှင့် ထိခိုက်မှု ဖြစ်နိုင်ခြေအား ကာကွယ်ရန် အခြားတည်ငြိမ်တဲ့ စိန်အတု နှင့် ဈေးပေါတဲ့ စိန်များကြားမှာ ထားရှိမှာဖြစ်ပါတယ်။

 

ဒီစီမံကိန်းဟာ လက်ရှီမှဦတော့ သက်သေပြတဲ့အဆင့်မှာသာရှိနေပြီး ရှေ့ပြေးပုံစံ မထုတ်ရသေးတဲ့ ဒီဇိုင်းအကြမ်းသာရှိပါသေးတယ်။

 

ကုမွဏီကတော့ နောက်ဆုံး ထုတ်ကုန်ဟာ အဆင်သင့်ဖြစ်လာမှာ ဖြစ်ပြီး ၅ နှစ်အတွင်း ဈေးကွက်မှာ အများအပြား ရောက်ရှိလာှာဖြစ်ကာ AA နှင့် AAA အရွယ်များ အပါအဝင် ဘယ်လိုစံနှုန်းမဆို ကိုက်ညီလာလိမ့်မယ်လို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS