10 May 2024

#Update

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၁၀ မီနစ်အချိန်မှာ မြန်မာဘက်ခြမ်း မြဝတီမြို့နယ် ဖလူးရွာဘက်က တိုက်ပွဲဖြစ်တဲ့ သေနတ်သံတွေ ကြားနေရတယ်လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းဘက်ခြမ်း မဲ့ကုကင်းကျေးရွာ မဟာဝမ် ကျေးရွာအုပ်စု မဲဆောက်မြို့နယ် တာ့ခ်ခရိုင်ရဲ့ တဖက်ကမ်းက မြဝတီမြို့နယ်ကဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ထိုင်းနိုင်ငံ ၁ ကီလိုမီတာ ကွာဝေး တာကြောင့် ထိုင်းဘက်ခြမ်းက စိုးရိမ်စရာမရှိပါဘူး။ ကျည်ဆုံ ၃ တောင့်လောက် ထိုင်းဘက်ခြမ်းကိုကျော်ကျလာပြီး။ ထိုင်းဘက်က ကျည်ဆံကျော်ဝင်လာလို့ ပြန်သတိပေးတဲ့အနေနဲ့ မီးခိုးဗုံးကိုထောင်ပစ်တင် သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ ညနေ ၃ နာရီအချိန်မှာ တိုက်ပွဲသံတွေရပ်သွားတယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

.

လက်ရှိအချိန်ထိ မဟာဝမ်ကျေးရွာ မဲဆောက်မြို့နယ် တာ့ခ်ခရိုင် နွားခြံကုန်းစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေ ၁,၉၇၇ ဦးထဲက ၁၅၉ ဦးမြန်မာဘက်ခြမ်းကို ပြန်ကူးသွားတာကြောင့် လက်ရှိစစ်ရှောင်စခန်းတွင် ၁၈၁၈ ဦးရှိနေကြောင်း တာ့ခ်ခရိုင်ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

.

သတင်း ကိုချစ် (ဇွဲကပင်မြေ)

ဓာတ်ပုံ เอก เกียรติศักดิ์ แม่สอด

SHARE THIS NEWS

OTHER NEWS