2 May 2024

ဓာတ်ပုံ เรื่องเล่าเช้านี้

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

 

သူငယ်ချင်းဖြစ်သူရဲတစ်ဦး၏ဇနီးက ဘတ် ၈ သိန်းကျော်တန်ဖိုးရှိလယ်ထွန်စက်တစ်စီးကို အရစ်ကျ စနစ်ဖြင့်ဝယ်ယူရာတွင် ယုံကြည်၍အာမခံပေးမှုကြောင့် အမှုဖွင့်ခံရပြီး တရားရုံးမှအိမ်ခြံမြေသိမ်းယူလိုက်၍ ပြန်ရွေးယူရန်အတွက် မိသားစုလုံးကျွတ် ကိုယ်အင်္ဂါအစိတ်အပိုင်းရောင်းချရန်ကြေညာ။

 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ဉဘွန်ရတ်ချဌာနီခရိုင်၊ ခေးမရတ်မြို့နယ်၊ ကျီယက်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတစ်ဦးဖြစ်သူ ရတ်ဒေဝါ ခဖင်ဉဒွမ်ရ အသက် ၄၈ ဆိုသူသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ၎င်း၏သူငယ်ချင်းတစ်ဦးဖြစ်သူရဲတစ်ဦးက ဇနီးဖြစ်သူမှတန်ဖိုး ၈ သိန်းကျော် (၈၆,၀၇၂၅)လယ်ထွန်စက်တစ်စီးကို အရစ်ကျစနစ်ဖြင့်ဝယ်ယူရာတွင် သူငယ်ချင်းကိုယုံကြည်၍အာမခံပေးရာမှ သူငယ်ချင်းဖြစ်သူကအရစ်ကျငွေပေးချေရန်ပျက်ကွက်ခဲ့၍ ဒုတိယတရားခံအနေဖြင့် ငွေကြေးအကျိုး ဆောင်ကုမ္ပဏီတစ်ခုမှတရားစွဲခြင်းကိုခံရပြီးနောက် တရားရုံးအမိန့်အရငွေပေးချေခြင်းပြု၍အိမ်ခြံမြေအသိမ်းခံရသည်ဟု ဆိုသည်။

 

 

ထို့နောက် အောက်တိုဘာ ၁၄ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံရန်အတွက် ကီလိုမီတာ၁၀၀ ခရီးကို မိသားစုဝင် ၄ ဦးစလုံးခြေကျင်ခရီးထွက်ခဲ့ပြီး ၂၅ ကီလိုမီတာလျှောက်လာပြီးနောက် ရဲတပ်ဖွဲ့မှခရီးဆက်ရန်တားဆီးခံရပြီး ၎င်း၏နေအိမ်သို့ခရိုင်မှူးလာရောက်တွေ့ဆုံမည်ဟု ရဲကဖျောင်းဖျခဲ့သည်ဟုဆိုသည်။

 

ယနေ့ (အောက်တိုဘာ ၁၅) မနက်တွင် ၎င်းတို့မိသားစုလေးဦးစလုံးသည် အကူအညီတောင်းခံရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ပြီး ယနေ့တွင် ဥဒေါင်းဌာနခရိုင်သို့လာရောက်မည့် ထိုင်းဝန်ကြီးနှင့်တွေ့ဆုံရန်ကြိုးပမ်းမည်ဟု သိရှိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS