29 April 2024

ထိုင်းနိုင်ငံ မဟာချိုင်မြို့ စီအိုင်ရုံးမဖွင့်နိုင်သေး

 

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ရှိ စီအိုင်စာအုပ်ထုတ်ပေးရေးရုံးကို ယခင်သတ်မှတ်ထားသည့်ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း အလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားသည်။

 

“ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက် စုဆောင်းရေးဌာန( Temporary Data Collection Centre) တွင် ယခင်က Passport(CI-PJ) လာရောက် လျှောက်ထားပြီး စာအုပ်ထုတ်ယူရရှိခြင်း မပြုရသူများအား ရုံးပြန်လည်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် Passport စာအုပ် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်သဖြင့် Passport လာရောက်လျှောက်ထားပြီးသော အလုပ်သမားများက CI စာအုပ် ထပ်မံ၍ သွားရောက်လျှောက်ထားရန် မလိုကြောင်း၊ စာအုပ်ထုတ်ယူခွင့် ရ/မရ၊ ဒဏ်ကြေးရှိ/မရှိအား Call Center ဖုန်းနံပါတ် ၀၈၀၅၈၃၂၂၄၇ နှင့် ၀၆၆၁၃၉၃၄၇၅ သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် ရုံးဖွင့်လှစ်မည့်ရက်(၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း)အား ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS