28 April 2024

စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၁

 

လုံခြုံရေးအတွက် လာမည့်အောက်တိုဘာ ၁ ရက်နေ့အပတ်စဉ်မှစ၍ ထိုင်းထီလက်မှတ်ပေါ်ရှိ 2D ဘားကုတ်အရွယ်အစားပြောင်းလဲ။

 

အများပြည်သူမှထီလက်မှတ်အစစ်ဖြစ်ကြောင်း အလွယ်တကူစစ်ဆေးနိုင်ရန်အတွက် လာမည့် အောက်တိုဘာ ၁ ရက်နေ့အပတ်စဉ်မှစ၍

ထိုင်းထီလက်မှတ်ပေါ်ရှိ 2D ဘားကုတ်အရွယ်အစားကို ပိုမိုထင်ရှားလာ‌အောင်ပြောင်းလဲလိုက်သည်ဟု ထိုင်းထီဌာန ညွှန်ကြားရေးမှူး

ဒုဗိုလ်မှူးကြီး နွန်း စန်းစနာခွမ် ကဆိုသည်။

 

ထို့သို့ပြောင်းလဲရာတွင် ထီလက်မှတ်အရှေ့ဘက်မျက်နှာပေါ်ရှိ 2D ဘားကုတ်အရွယ်အစားကို ယခင် 6.7×6.7 မီလီမီတာ အရွယ်အစား

အဖြစ်မှ 8.4×8.4 မီလီမီတာအဖြစ် မြင်သာထင်းလာ‌‌အောင် ပြောင်းလဲ ထားသည်ဟုညွှန်မှူးက ဆိုသည်။

 

တဆက်တည်းတွင် ထိုင်းထီဌာန၏ Glo Lottery Official အပ်ပလီကေးရှင်းကို အသုံးပြုခြင်းမပြုမီ ‌ဗားရှင်းအပ်ဒိတ်လုပ်ရန် အကြံပြု

ထားသည်။

 

ထို့ပြင် ထီဆုလာရောက်ထုတ်ယူသူများကို မှတ်ပုံတင်စစ်ဆေးခြင်း၊ မိတ္တူရိုက်ကူးထားခြင်း သို့မဟုတ်ဓာတ်ပုံရိုက်ထားခြင်းပြုလုပ်ပြီး ထီလက်မှတ်

အနောက်ဘက်တွင် အသေးစိတ်အချက်အလက်ရေးမှတ်ပြီးနောက် ထီဆုထုတ်ယူသူကိုလက်မှတ်ထိုးစေခြင်း သို့မဟုတ် လက်ဗွေရာနှိပ်စေခြင်းတို့

ကို ပြုလုပ်ရမည်ဟု ညွှန်ကြားသည်။

 

ထို့နောက် ထီလက်မှတ်ကိုပြောင်းလဲပြင်ဆင်ခြင်း၊ အတုအပပြုလုပ်ခြင်းဖြင့် ထီဆုထုတ်ယူရန်ကြံစည်သူများသည် ထိုင်းရာဇဝတ်ဉပ‌ဒ၊ ပုဒ်မ ၂၆၅

အရ အစိုးရစာရွက်စာတမ်း သို့မဟုတ် ခံစားခွင့်ဆိုင်ရာစာရွက်စာတမ်းများကိုအတုအပပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လမှ ၅ နှစ်၊ ငွေဒဏ်ဘတ် ၁

သောင်းမှ ဘတ် ၅ သိန်းအထိ ချမှတ်နိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

ထီလက်မှတ်နှင့်ပတ်သက်ပြီး သံသယရှိလျှင် ထီလက်မှတ်စိစစ်ရေးဌာနစိတ်ထံ မေးမြန်း စုံစမ်းနိုင်သည်ဟု ဆိုသည်။ ဖုန်း 02-528-9641-44,

02-528-8888 လိုင်းခွဲ 9641-44

SHARE THIS NEWS

OTHER NEWS