9 May 2024

,

ဓာတ်ပုံ บอลไทย Manager Online

အောက်တိုဘာ ၇ ရက်၊ ၂၀၂၁

အသင်းမန်နေဂျာ မာဒမ်ပန်ဦးဆောင်လာတဲ့ အာရှခြေစစ်ပွဲဝင်မယ့် ထိုင်းယူ-၂၃ အသင်း ပမာဏ ၂၈ ဦးအမည်စာရင်းတွင် ဥရောပထိပ်တန်းလိပ်တွေမှာကစားနေတဲ့ ကစားသမား ၃ ဦးပါဝင်။

လာမယ့် အောက်တိုတာ ၂၅ ရက်ကနေ ၃၁ ရက်နေ့အတွင်း အာရှခြေစစ်ပွဲဝင်မယ့်ထိုင်းယူ-၂၃ အသင်းပမာဏာအမည်စာရင်း ၂၈ ဦးကို အသင်းမန်နေဂျာ မာဒမ်ပန်ကရွေးချယ်ခဲ့တဲ့နောက် ဉရောပထိပ်တန်းလိဂ်တွေမှာကစားနေတဲ့ကစားသမား ၃ ဦးအထိပါဝင်လာတာတွေ့ရပါတယ်။

ကစားသမား ၂၈ ဦးစလုံးရဲ့မိခင်ကလပ်အသင်းထံစာပို့ပြီးအကြောင်းထားတယ်လို့ဆိုပါတယ်။ ထိုင်းယူ-၂၃ အသင်းအနေနဲ့ ၂၀၂၂ အာရှဖလားခြေစစ်ပွဲအဆင့်မှာ မွန်ဂိုလီးယား၊ လာအို၊ မလေးရှားအသင်းတွေနဲ့အတူ အုပ်စု(A) မှာကျရောက်နေပါတယ်။လက်ရွှေးစင်အသင်းကခေါ်စာပို့ထားတဲ့ကစားသမား ၂၈ ဦးထဲမှာ အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ လက်စတာကွင်းလယ်ကစားသမား သနဝပ် စူးကစ်ထားဝေါ်အပါအဝင် အင်္ဂလိပ်လိဂ်ဝမ်းအသင်းတစ်သင်းဖြစ်တဲ့ အော့စ်ဖို့ဒ်ယူနိုက်တက်ကစားသမား ဘင်ဂျာမင် ဒေးဗစ် ပါဝင်လာပြီး ဒိန်းမတ်ထိပ်တန်းလိဂ်က အိုဒန်ဆေးအသင်း (Odense BK ) ကစားသမား ဂျိုးနာသန် ခမ်းဒီ လည်းပါဝင်လာ ပါတယ်။

အာဆီယံတိုက်ဆင်အသင်းဟာ ခြေစစ်ပွဲစဉ်တွေကို မွန်ဂိုလီးယားနိုင်ငံမှာသွားရောက်ကစားရမှာဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နေ့ ထိုင်းစံတော်ချိန်နံနက် ၁၀ နာရီမှာအိမ်ရှင်အသင်းနဲ့တာထွက်ရမှာဖြစ်သလို အောက်တိုဘာ ၂၈ ရက်နေ့ ထိုင်းစံတော်ချိန် နေ့လယ် ၁၄.၀၀ နာရီအချိန်မှာ လာအိုအသင်း၊ အောက်တို ဘာ ၃၁ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၁၀ နာရီအချိန်မှာ ဒေသတွင်းမဟာပြိုင်ဘက် ကျားဝါမလေးရှား အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သတင်း OneZee

SHARE THIS NEWS

OTHER NEWS