26 April 2024

,

ချန်းအက်ဖ်အေလိဂ်ဖလားရာသီအဖွင့်ပွဲစဉ်တွင် ဘူရီရမ် ယူနိုက်တက်အသင်းနှင့် ဖရဲ့ ယူနိုက်တက်အသင်း ထိပ်တိုက်တွေ့ဆုံ

၂၀၂၁-၂၀၂၂ ချန်းအက်ဖ်အေဖလား ၆၄ သင်းအဆင့်ပွဲစဉ်တွေကို ယနေ့ (အောက်တိုဘာ ၂၇) မှာ စတင်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။

ထိုင်းလိဂ်နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ ဘူရီရမ် ယူနိုက်တက်အသင်းကတော့ ထိုင်းလိဂ်-၂ ကအသင်းတစ်သင်းဖြစ်တဲ့ ထိုင်းနိုင်ငံမြောင်ပိုင်းက ဖရဲ့ ယူနိုကတက်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ်လို့သိရပါတယ်။

ယနေ့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီအချိန်မှာ ဖရဲ့ ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဟွေ့မားစတေဒီယမ် မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဖရဲ့ ယူနိုက်တင်းအသင်း နောက်ဆုံးကစားထားတဲ့ ထိုင်းလိဂ်-၂ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးစံချိန်ကိုပိုင်ဆိုင်ထားပါတယ်။

ဘူရီရမ် ယူနိုက်တက်အသင်းကတော့ ထိုင်းလိဂ်-၁ နောက်ဆုံးပွဲစဉ် ၅ ပွဲမှာ ၅ ပွဲစလုံးကိုအနိုင်ရထားတဲ့ရလဒ်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ နာမည်ကြီး Port FC အသင်းကိုအဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့အသာရထားတာလည်းဖြစ်ပါတယ်။

သတင်း ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS