26 April 2024

,

အီဂျစ်ကျောင်းစာသင်ရိုးညွှန်းတမ်းတွင် တိုက်စစ်မှူးဆာလာဘဝအကြောင်း ထည့်သွင်းသင်ကြားမည်

အီဂျစ်နိုင်ငံရဲ့ ကျောင်းစာသင်ရိုးညွှန်းတမ်းမှာ တိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ဘဝအကြောင်းကို ထည့်သွင်းသင်ကြားမည်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်္ဂလိပ် ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးအာဖရိကန်တိုက်စစ်မှူးစံချိန်ကိုမှတ်ကျောက်ကိုတင်ခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ဘဝအကြောင်းကို အီဂျစ်နိုင်ငံ ရဲ့ကျောင်းစာသင်ရိုးညွှန်းတမ်းမှာထည့်သွင်းပြီး တနိုင်ငံလုံးကကျောင်းသူကျောင်းသားတွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့ The Time ကဖော်ပြထားပါတယ်။

လီဗာပူးကြယ်ပွင့်ကစားသမားဟာ သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့အီဂျစ်နိုင်ငံမှာ အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်အနေနဲ့ရော လူမှုရေးလုပ်ငန်းအလှူရှင်တစ်ဦးအနေနဲ့ပါ အများပြည်သူရဲ့လေးစားမှုကိုခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ဘောလုံးလောကမှာအောင်မြင်မှုရထားတဲ့ဆာလာကို ကလေးတွေအားကျအတုယူစေချင်လို့ သူ့ရဲ့ဘဝအကြောင်းကို သင်ကြားပေးတာလို့ ဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS