9 May 2024

,

ဆောင်းရာသီစျေးကွက်မှာ ဘာပေကို ခေါ်ယူဖို့ကြိုးစားဦးမယ့် ရီးရဲမက်ဒရစ်

■ရီးရဲမက်ဒရစ်အသင်းဥက္ကဌဖြစ်သူ ပီရက်ဇ်က ဆောင်းရာသီစျေးကွက်မှာ သူတို့ရဲ့ ပစ်မှတ်ဖြစ် တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့အတွက် အရိပ်အမွက်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီစျေးကွက်တုန်းက ဘာပေကိုခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအနေအထားထိရောက်ရှိ ခဲ့ပေမယ့် ပီအက်စ်ဂျီဘက်ကတောင်းဆိုတဲ့ ယူရို သန်း၂၂၀ ကို ပေးချေဖို့အတွက် ရီးရဲမက်ဒရစ်က မဖြစ်နိုင်တဲ့အတွက် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘာပေကို လာမယ့် ဆောင်းရာသီမှာတော့အရခေါ်ယူနိုင်လိမ့်မယ်လို့ ရီးရဲဥက္ကဌ ပီရက်ဇ်က El Debate သတင်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေနဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ရီးရဲဥက္ကဌ ပီရက်ဇ်က ” ဇန်နဝါရီ ၁ ရက်နေ့ကျရင် အရာအားလုံးဖြေရှင်းပြီးဖြစ်မယ်လို့ ကျနော်တို့ယုံကြည်မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဘာပေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် မတတ်နိုင်တော့ရင် ပီအက်စ်ဂျီဟာ ဒီဆောင်းရာသီမှာပဲ ရောင်းချဖို့ရှိနေတာဖြစ်ပြီးတော့ ဘာပေကိုယ်တိုင်ကလည်း ပီအက်စ်ဂျီမှာဆက်နေမှာမဟုတ်တော့ဘူးလို့ အတိအလင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

#Sportinsight #Sport #Football #PremierLeague #EPL #La_Liga #Serie_A

SHARE THIS NEWS

OTHER NEWS