27 April 2024

,

စံခလဘူရီတွင် ရေခဲဆိုင်လုပ်သား ကရင်အမျိုးသားတဦး ဘတ် ၆ သန်း ကံထူး
.
ဩဂုတ် ၁ ရက်၊ ၂၀၂၃
.
ယမန်နေ့က ထိုင်းထီဆုကြေညာပြီးနောက် ကန်ကျနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်းလူကျေးရွာ အုပ်စုတွင် ရေခဲဆိုင်တခု၌လုပ်ကိုင်နေသာ ကရင်အမျိုးသားတဦး ပထမဆု ၆ သန်း ကံထူးခဲ့သည်ဟု ကန်ကျနဘူရီအခြေဆိုက်သတင်းပေ့ချ်တခုက ဖော်ပြထားသည်။
.
ကံထူးရှင်မှာ ပန်းရောင်ဘတ်ကတ်ကိုင်ဆောင်ထားသော အသက် ၃၆ နှစ်ရှိသူ ဖိုးထူး ဖြစ်သည်ဟု သိရပြီး ကံထူးသည်ဟု သိရှိပြီးနောက်တွင် စံခလဘူရီမြို့နယ်ရဲစခန်းသို့သွားရောက်၍ ရဲနေ့စဉ်မှတ် တမ်းတွင် တိုင်ချက်ဖွင့်ခဲ့သည်ဟု ဖော်ပြထားသည်။
.
ကံထူးသည့်ထီလက်မှတ်ကို စံခလဘူရီဈေးတွင် ၁ စောင် ၈၀ ဘတ်ဖြင့်ဝယ်ယူခဲ့သည်ဟု ကျရုန်ချိုင် ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သော ကံထူးရှင်က ဆိုသည်။
.
ထီကံထူးပြီးနောက် အလှူအတန်းပြုခြင်း၊ မြေကွက်ဝယ်ယူခြင်း၊ အိမ်ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်မည်ဟု ဆိုသည်။
.
Photo: ข่าวภูมิภาคกาญจนบุรี
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်

SHARE THIS NEWS

OTHER NEWS