26 April 2024

ဂျပန်နိုင်ငံ Hokkaido Railway Company (JR HOKKAIDO) ကုမ္ပဏီမှ ထိုင်းမီးရထားကိုလှူဒါန်းသည့် KIHA 183 ဒီဇယ်ရထားတွဲ ၁၇ တွဲ ယမန်နေ့ မနက် ၁၀ နာရီခွဲအချိန်တွင် ထိုင်းရောက်ရှိ။

 

အဆိုပါ ဂျပန်ကျမီးရထားတွဲများသည် ယမန်နေ့တွင်လမ်းချဘန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ပြီး ထိုင်းမီးရထားမှ ၂ နှစ်ခန့်အချိန်ယူပြီးပြန်လည်ပြုပြင်မှုပြုပြီးနောက်တွင် စတင်ပြေးဆွဲနိုင်မည်ဟု သိရသည်။

 

ယင်းမီးရထားတွဲများတွင် ခရီးသည်များအဆင်ပြေစေမည့်အပြင်အဆင်များအပါအဝင် ကောင်တာဘား များပါဝင်သည်ဟု ဆိုသည်။

 

ပြန်လည်မွမ်းမံပြီးသည့်နောက်တွင် ခရီးစဉ် ၄ ခုကိုပြေးဆွဲပေးမည်ဟုသိရပြီး Charter Train ပုံစံဖြင့်စင်းလုံးငှားပေးရန်လည်းစီစဉ်ပေးထားသည်ဟု ဆိုသည်။

 

ဉဒေါင်းဌာနီ-နောင်းခိုင်-ဗီယန်ကျင်းခရီးစဉ်၊ နခေါ်ရတ်ချစီးမာ-ခေါ်ကန်ခရီးစဉ်၊ ဗန်ကောက်-ဟွားဟင်ခရီးစဉ်၊ ထိုင်းနိုင်ငံအလယ်ပိုင်းခရိုင်များခရီးသွားခရီးစဉ် စသည့်လမ်းကြောင်းများကိုပြေးဆွဲသွားမည်ဟုဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS