3 May 2024

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့အတည်ပြု။

 

ထိုင်းအစိုးရမှလက်လှမ်းမမီသည့်တရားမဝင်ရွှေ့ပြောင်းလုပ်သားများအကြား ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၃ နိုင်ငံသားအား ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့မှ ယနေ့တွင် အတည်ပြုလိုက်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ကဆိုသည်။

 

ထိုသို့ ပန်းရောင်းဘတ်ကတ်ပြုလုပ်ပေးရာတွင် လုပ်ငန်းစဉ် ၃ ခုဖြင့် အကောင်အထည်ဖော်ဆောင်သွားမည်ဟု ဆိုသည်။

 

၁။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံအလုပ်ရုံများနှင့် လုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးမှုပြုပြီး အလုပ်ရှင်နှင့်အလုပ်သမားအား ပြည်သူ့ကျန်းမာရေးစီမံချက်များကို ရက် ၃၀ အတွင်းလိုက်နာဆောင်ရွက်ရန်အကြံပေးမည်။

 

၂။ တရားမဝင်လုပ်သားတွေ့ရှိပါက တာဝန်ရှိသူမှ လုပ်သားအားဓာတ်ပုံရိုက်ယူခြင်းနှင့်ကနဉီးကိုယ်ရေးအချက်အလက်ကောက်ယူခြင်းများပြုလုပ်ပြီးနောက် အလုပ်ရှင်အားအလုပ်သမားကိုယ်စား အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာပုံစံကိုရေးဖြည့်စေရမည်။ ထို့ပြင် လိုအပ်သည့်အထောက်အထားများကို ပြင်ဆင်ရန် ညွှန်ကြားရမည်။

 

၃။ ထို့နောက် အလုပ်ရှင်သည်အလုပ်သမားကိုယ်စား ခရိုင်အလုပ်အကိုင်ရှာဖွေရုံး သို့မဟုတ် မြို့တော် ဗန်ကောက်အတွင်းရှိ အလုပ်အကိုင်ရှာဖွေရေးနယ်မြေရုံး ၁- ၁၀ တွင် ၃ ရက်အတွင်းအလုပ်လုပ်ကိုင်ခွင့် လျှောက်ထားပေးရမည်ဖြစ်ပြီး လျှောက်လွှာခ ၁၀၀ ဘတ် နှင့် ဉပဒေမသတ်မှတ်ထားသည့်နှုန်းထား အတိုင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ခပေးချေရမည်။

 

ငွေပေးချေပြီးနောက် ငွေချေပြေစာနှင့်အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားသည့်အထောက်အထားရရှိလာမည်ဖြစ်ပြီး အဆိုပါအထောက်အထားများကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကိုယ်စား ကိုင် ဆောင်ထားရမည်။ယင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိမည်။

 

အလားတူ ကိုဗစ်-၁၉ အကျပ်အတည်းကြောင့် လုပ်သားမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားလုံးကို ပြီးဖြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၀ ခုနှစ် ဆုံးဖြတ်ချက်ပါလုပ်သားများအား မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အချိန်ကာလကို မတ်လ ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ တိုးမြှင့်ပေးလိုက်သည်ဟု ဝန်ကြီးကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS