28 April 2024

,

ချယ်ဆီးလူငယ်တိုက်စစ်မှူး ဂျွတ် ဘဲလ်ကို ၂၀၂၂ အာရှဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲအတွက်ထိုင်းယူ-၂၃ အသင်းတွင် ခေါ်ယူမည်ဟု အသင်းမန်နေဂျာ မာဒမ်ပန် ဆို။

လာမည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဉဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပမည့်အသက် ၂၃ နှစ်အောက် အာရှဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အသင်းအင်အားဖြည့်တင်းရန်အတွက်အင်္ဂလိပ် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် ချယ်ဆီးလူငယ်အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ အင်္ဂလိပ်-ထိုင်းကပြား အသက် ၁၇ နှစ်သာရှိသေးသည့် ဂျွန် စွန်စပ်-ဘဲလ် (Jude Soonsup-Bell) ကို ခေါ်ယူမည်ဟု အသင်းမန်နေဂျာ မာဒမ်ပန် ကမီဒီယာများကိုအတည်ပြုပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အောက် ၂၀၂၂ အာရှဖလားခြေစစ်ပွဲအဆင့်တွင်ဂျိုနာသန် ခင်းဒီ၊ အိုဝင် ချာလီ၊ ဘင်ဂျာမင် ဒေးဗစ်၊ ဓနဝပ် ဆူးကစ်ထားဝေါ် စသည့်ကပြားကစားသမားများကိုခေါ်ယူနိုင်ခဲ့သော်လည်း ထင်သလောက်ခရီးမပေါက်ခဲ့ဘဲ မလေးရှားအသင်းကို ၀-၀ ဂိုးဖြင့်သရေသာကစားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲ အောင်နိုင်ရေးအတွက်လာအိုအသင်းနှင့်အိမ်ရှင်မွန်ဂိုလီးယားအသင်းတို့၏ရလဒ်ကိုထိုင်းပရိသတ်များကရင်တမမစောင့်ကြည့်ခဲ့ရသည်။

“ပြိုင်ပွဲအချိန်ထပ်နေတာ စတဲ့ပြဿနာတွေကိုအားလုံးမြင်ကြပြီထင်ပါတယ် မန်နေဂျာရာထူးကိုစတင်လက်ခံတဲ့နေ့ကပြောခဲ့တဲ့အတိုင်းပဲ ကစားတယ်ဆိုတာနိုင်အောင်ကစားရမယ် ဒါကြောင့် ပြန်ရောက်သွားတဲ့အခါ အသင်းပြင်ဆင်ချိန်ပိုရဖိုဘယ်လိုလုပ်မလဲ၊ ထိုင်းလိဂ်ကအဓိကကစားသမားတွေရလာအောင်ဘယ်လိုလုပ်မလဲ စတာကိုပြောဆိုကြရမယ် ကလပ်အသင်းတွေကိုနားလည်သလို လက်ရွေးစင်အသင်းကိုလည်းနားလည်ပါတယ် နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ winwinအနေအထားဖြစ်အောင် လုပ်ရမယ် အားလုံးတွေ့ကြတဲ့အတိုင်းပဲ လာအိုနဲ့မလေးရှားအသင်းတို့ဟာ ကျမတို့ထက်အသင်းပြင်ဆင်ချိန်ပိုရတယ် ဘယ်သူ့ကိုမှအပြစ်မတင်လိုပါဘူး ကျမတို့ရှေ့ဆက်ကြိုးစားရမယ်” ဟု အသင်းမန်နေဂျာကဆိုသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS