2 May 2024

ကမ္ဘာကျော် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အက်ပယ် Apple ကုမ္ပဏီသည် ဈေးကွက်တန်ကြေး အမေရိကန်ဒေါ်လာ ၃ ထရီလီယံရှိသော ပထမဆုံးကုမ္ပဏီဖြစ်လာတော့မည်ဟု CNN သတင်း

ဌာနဖော်ပြထားသည်။

 

နာမည်ကျော် အိုင်ဖုန်း(iPhone)ထုတ်လုပ်မှုတွေ၊ ရုပ်သံထုတ်လုပ်မှုတွေကြောင့် Apple ၏ စတော့ရှယ်ယာဈေးနှုန်းမြင့်မားလာပြီး စတော့ဈေးကွက်ထဲတွင် ရှယ်ယာတစ်စုကို ဒေါ်လာ ၁၈၁ ဒသမ ၇၅ အထိ မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားသည်။

 

ယင်းအခြေအနေကြောင့် အက်ပယ်၏ရှယ်ယာဈေးနှုန်းသည် ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အကယ်၍ဒေါ်လာ ၁၈၂ ဒသမ ၈၅ အထိ တိုးမြင့်လာခဲ့လျင် ကုမ္ပဏီ၏တန်ကြေးသည် ဒေါ်လာ ၃ ထီရီလီယံအထိ မြင့်မားလာတော့မည်ဟု ရေးသားထားသည်။

 

 

အက်ပယ်ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဩဂုတ်လတွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံသာရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ၎င်း၏ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၂ ထရီလီယံ မြင့်မားခဲ့သည်။

 

iPhone 13 နှင့်အခြားမော်ဒယ်မြင့်စမတ်ဖုန်းထုတ်လုပ်မှု၊ Apple Music ၊ Apple TV+ ၊ iCloud နှင့် အခြားအက်ပလီကေးရှင်းတွေကနေ Apple ရဲ့ဝင်ငွေမြင့်မားလာခဲ့ပြီး ၎င်း၏ဈေးကွက်တန်ဖိုးကို တဟုန်ထိုးတိုးတက်ခဲ့သည်။

 

Apple ရဲ့နောက်မှာတော့ မိုက်ခရိုဆော့ကုမ္ပဏီက ဈေးကွက်တန်ဖိုး ဒေါ်လာ၂ ဒသမ ၆ ထရီလီယံ ၊ ဂူဂယ်ကုမ္ပဏီက ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ၊ Amazon က ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ တို့နဲ့ ရပ်တည်နေကြပြီး သူတို့ရဲ့ နောက်မှာတော့ အီလွန်မာ့စ်ရဲ့ တက်စ်လာကုမ္ပဏီက ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ နဲ့ ရပ်တည်နေပါတယ်။

SHARE THIS NEWS

OTHER NEWS