9 May 2024

အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၁

 

မကြာခင်မှာကျင်းပပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဒီကနေ့ ညနေပိုင်းက အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းဖော်ပြချက်အရသိရပါတယ်။

 

ဒါ့အပြင် အာဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂ အယ်ရဝမ်ယူဆွပ်ဖ်လည်း မြန်မာနိုင်ငံကို ဒီလထဲ လာရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအထူးသံ လာရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တရားရင်ဆိုင်ဆဲသူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ညင်းဆိုမှုတွေရှိနေခဲ့တာပါ။

 

ထို့ကြောင့် အာဆီယံသံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဖို့ စီစဥ်ထားတဲ့ အစီအစဥ်ပျက်သွားခဲ့ပါတယ်။ အာဆီယံထိပ်သီးစည်းဝေးနဲ့ မြန်မာ့အရေးကို စနေနေ့မှာ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်မယ်လို့သိရပါတယ်။

.

Ref: BBC

SHARE THIS NEWS

OTHER NEWS