5 May 2024

သြဂုတ် ၂၆ ရက်နေ့ ထိုင်းမိုးဇလဌာန ထုတ်ပြန်သတိပေးချက်ထဲမှာ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများနှင့် အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများမှာ မိုးရွာသွန်းမှုမြင့်တက်လာမည်ဟု ဖော်ပြထားပါတယ်။ မိုးရေကြောင့် တောင်ရေကျခြင်း ရေကြီးရေလျှံခြင်းလဲ ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ မဲ့ဟောင်းဆောင်၊ ချင်းမိုင်၊ လန်ဖူး၊ လန်းပန်း၊ ဖိစနုလို့တ်၊ ကန်ဖယ်ဖေ့ချ်၊ ဖိကျစ်နှင့် တာ့ခ်ခရိုင်တွေမှာ ရွာရန်ရာနှုန်း ၇၀ ရှိပါတယ်။

 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ ဘွန်ကန်၊ အုဒွန်ဌာနီ၊ စကွန်နခွန်၊ နခွန်ဖနုံ၊ မုဒါဟန်၊ ချိုင်ယဖူ၊ ခွန်ကင်၊ အန်နာ့ကျလိုမ်၊ နခွန်ရာ့ချာစီမာ၊ ဘူရီရန်၊ စူရင်၊ စီစကက်နှင့် အုဘွန်ရာ့ချာဌာနီခရိုင်များမှာလဲ ရွာရန်ရာနှုန်း ၇၀ ရှိပါတယ်။

 

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ အုထိုင်ဌာနီ၊ ချိုင်နာ့၊ လွတ်ဘူရီ၊ စလဘူရီ၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုထရာ၊ ကန်ကျနဘူရီ၊ စူဖန်ဘူရီ၊ နခွန်ပထုံ၊ ရာ့ချာဘူရီ၊ စမုဆုန်ခရာမ်နှင့် စမုဆာခွန်ခရိုင်တို့မှာ ရွာရန်ရာနှုန်း ၈၀ အထိရှိပါတယ်။

 

ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ နခွန်နာယုတ်၊ ပရာကျင်ဘူရီ၊ ဆာကယောက်၊ ချာခြိုဆောင်၊ ချွန်ဘူရီ၊ ရယောင်း၊ ကျန်ထူဘူရီနှင့်တရာတ်ခရိုင်တို့မှာ ရွာရန်ရာနှုန်း ၈၀ အထိရှိပါတယ်။

 

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ ပရာကျွန်စီရီခမ်၊ ဖေ့ချ်ဘူရီ၊ ချွန်ဖေါင်၊ စူရာတ်ဌာနီ၊ ပါတာနီ၊ ယတ်လာနှင့် နာရာဌီဝါ့ခရိုင်တွေမှာတော့ ရွာရန်ရာနှုန်း ၄၀ ရှိပါတယ်။

 

 

ထိုင်းနိုင်ငံတောင်ပိုင်းဒေသခရိုင်များဖြစ်ကြတဲ့ ရနောင်း၊ ဖန်ငါ၊ ဖူးကက်နှင့် ကဘီခရိုင်တို့မှာ ရွာရန်ရာနှုန်း ၆၀ ရှိပြီး။ ဗန်ကောက်မြို့နှင့်နီးနားခရိုင်များမှာတော့ ရွာရန်ရာနှုန်း ၇၀ အထိရှိနိုင်ပါတယ်။

ကိုချစ်ဇွဲကပင်မြေ กรมอุตุนิยมวิทยา Thai/Post

SHARE THIS NEWS

OTHER NEWS