10 May 2024

ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာ အရက်အတူထိုင်သောက်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားနှစ်ဉီး စကားများရာကနေ ဓါးထိုးမှုဖြစ်ပွား၍ မြန်မာလုပ်သားတစ်ဉီးမှာ သတိလစ်သွားသည်အထိ ဒဏ်ရာပြင်းထန်စွာရသွားပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းအချိန်လောက်က မြန်မာလုပ်သမားတစ်ဦီးနဲ့ကမ္ဘောဒီးယားအလုပ်သမားတစ်ဦီး အရက်အတူထိုင်သောက်ခဲ့ကြပါတယ်။ အရက်ဝိုင်းထဲမှာတော့ သူ့နိုင်ငံက သမိုင်းကြောင်းနဲ့ ကိုယ့်နိုင်ငံကသမိုင်းကြောင်းထိုင်ပြောနေကြရင်းနဲ့ စတင်စကားများရန်ဖြစ်ထိုးကြိတ်မှုတွေဖြစ်ပွားရာကနေကမ္ဘောဒီးယားအလုပ်သမားတစ်ဦီးက နီးနားမှာရှိတဲ့ သံချွန်နဲ့ ၃ ချက်ထိုးလိုက်တာကြောင့် မြန်မာအလုပ်သမားတစ်ဉီးမှာ သွေးထွက်ဒဏ်ရာနဲ့ သတိလစ်မေ့မျောသွားသည်အထိဖြစ်ခဲ့ပါတယ်။

 

တရားခံဖြစ်တဲ့ ကမ္ဘောဒီးယားအလုပ်သမားတစ်ဦီးကတော့ အခင်းဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ အရက်ဝိုင်းမှာ သံချွန်ဖြင့် ၃ ချက်အထိုးခံလိုက်ရတဲ့ မြန်မာအလုပ်သမားတစ်ဦိးရဲ့နာမည်ကတော့ မောင်းမျိုးချစ်သိန်း အသက် ၂၄ နှစ်ဖြစ်ပါတယ်။ ထိုးခံရပြီးကတည်းက မြန်မာအလုပ်သမားတစ်ဉီးမှာ မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးနိုင်ပေမယ့်၊ အရေးပေါ်ဆေးရုံကားရောက်မလာခင်မှာပင် သတိလစ်သွားခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်က ၁၀ နာရီ ၅၀ မီနစ် “ကာဖျူး” အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဆိုဒ်ထဲမှာ အရက်ထိုင်သောက်ခဲ့တာဟု သိရပါတယ်။

 

မြန်မာအလုပ်သမားကို သံချွန်နဲ့ထိုးခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံသား အသက် ၃၄ နှစ်က အခင်းဖြစ်ပွားပြီးတာနဲ့ ဆိုင်ကယ်နဲ့ထွက်ပြေးသွားပါတယ်။ နောက်တနေ့နံနက်အချိန်မှာတော့ လုပ်ငန်းရှင်အနေနဲ့ တရားခံကမ္ဘောဒီးယားအလုပ်သမားတစ်ဦီးကို ရဲစခန်းမှာ အဖမ်းခံဖို့ခေါ်လာခဲ့ပါတယ်။ မြန်မာအလုပ်သမားတစ်ဉီးရဲ့အခြေကတော့ အသက်ဘေးကလွက်မြောက်ပေမယ့် ဒဏ်ရာတော့ပြင်းပြင်းထန်ထန်ရသွားပြီး ခွန်ဘူရီခရိုင်ဆေးရုံမှာ ကုသမှုတွေ ခံယူနေရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ Thairath Online Thai/Post

SHARE THIS NEWS

OTHER NEWS