28 April 2024

ရေဖိအားကြောင့်ပျက်စီးသွားသည်ဟု ထုတ်ပြန်
.
ဇွန် ၂၃ ရက်၊ ၂၀၂၃
.
တိုင်တန်းနစ်သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုသည့် တိုင်တန်ရေငုပ်သင်္ဘော ပျောက်ဆုံးမှု နှင့်ပတ်သက်ပြီး အနှစ်ချုပ် ၇ ချက်
.
၁။ ရှာဖွေတွေ့ရှိထားသော သင်္ဘောပျက်အစိတ်အပိုင်းများသည် တိုင်တန်ရေငုပ်သင်္ဘောအစိတ်အပိုင်း ဖြစ်ပြီး လိုက်ပါသူခရီးသည်နှင့်သင်္ဘာဝန်ထမ်း ၅ ဦးစလုံးအသက်သေဆုံးပြီဟု အမေရိကန်ကမ်းရိုးတန်း စောင့်တပ် အတည်ပြုထုတ်ပြန်။
.
၂။ တိုင်တန်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသော လူ ၅ ဦးစလုံး အသက်သေဆုံးပြီဟု အမေရိကန် ကမ်းရိုးတန်းစောင့်တပ် ထုတ်ပြန်ချက်မထွက်လာမီ မိနစ်ပိုင်းတွင် တိုင်တန်ရေငုပ်သင်္ဘာပိုင်ရှင် Ocean Gate ကုမ္ပဏီ ထုတ်ပြန်။
.
၃။ Horizon Arctic သင်္ဘောမှ ရေအောက်ပေ ၆၀၀၀ မီတာ ရေငုပ်နိုင်သော ရေအောက်လေ့လာရေး ရေယာဉ် ROV Odysseus 6k မှ လေ့လာတွေ့ရှိချက်အရ တိုင်တန်းနစ်သင်္ဘောပျက်နှင့် ၄၈၇ မီတာ ကွာဝေးသော သမုဒ္ဒရာကြမ်းပြင်တနေရာတွင် တိုင်တန်ရေငုပ်သင်္ဘောအစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီ အဆိုပါ အချက်အလက်အရ တိုင်တန်ရေငုပ်သင်္ဘောပျက်စီးသွားသည်ဟု ကောက်ချက်ချနိုင်။
.
၄။ ရေငုပ်သင်္ဘောပေါက်ကွဲသွားသည်ဟု ကောက်ချက်ချထား သို့သော် ပေါ်ကွဲထွက်ခြင်းမဟုတ်ဘဲ ၁ စတုရန်းမီတာလျှင် တန် ၄၀၀၀ ဖိအားကြောင့် ရုတ်တရက် ကျုံ့ပြီးပျက်စီးသွားခြင်းဖြစ်၍ လိုက်ပါသူ ၅ ဦး၏ရုပ်လောင်းကို ပြန်ဆယ်ယူရန် ခက်ခဲ။
.
၅။ ရေပြင်ပေါ်ရှိ မိခင်သင်္ဘောနှင့်ဆက်သွယ်မှုပြတ်တောက်သွားပြီး မကြာမီမှာပင် တိုင်တန်ရေငုပ်သင်္ဘောပျက်စီးသွားဟု ကောက်ချက်ချ
တိုင်တန်ရေငုပ်သင်္ဘောမှ ဇွန်လ ၁၈ ရက်နေ့ (၂၀၂၃)တွင် သမုဒ္ဒရာအောက်သို့ဆင်းသွားပြီးနောက် ၁ နာရီ ၄၅ မိနစ်အကြာတွင် အမေရိကန်ရေအောက်အသံဖမ်းကိရိယာမှ တိုင်တန်ရေငုပ်သင်္ဘောပေါက်ကွဲ သံကို ဖမ်းယူနိုင်ခဲ့။
.
၆။ တိုင်တန်းနစ်သင်္ဘောပျက်နှင့်တိုက်မိ၍ ပေါ်ကွဲသွားသည်ဟု ယူဆနိုင်သော အချက်အလက် မတွေ့ရှိရသေး။
.
၇။ တိုင်တန်ရေငုပ်သင်္ဘောတွင် လိုက်ပါသွားသော အသက်အငယ်ဆုံးဖြစ်သူ ပါကစ္စတန်စီးပွားရေး
သမားတစ်ဦး၏သား စူလိုင်မန် အသက် ၁၉ နှစ်မှာ စိုးရိမ်စိတ်ဖြစ်နေသော်လည်း အဖေများနေ့ဖြစ်၍ ဖခင်ဖြစ်သူ၏ဆန္ဒကို မလွန်ဆန်နိုင်ခြင်းကြောင့် လိုက်ပါခဲ့ရ။
.
.
.
.
.
.
.
.
.
.
.
Photo: World Forum
.

SHARE THIS NEWS

OTHER NEWS