27 April 2024

လျှပ်စစ်စွမ်းအင်သုံးကားတွေဟာ အနာဂတ်ရဲ့ယာဉ်တွေဖြစ်လာဖို့ အလားအလာရှိနေတဲ့နောက် Toyota ကုမ္ပဏီဟာ ၂၀၃၀ ပြည့်နှစ်မှာ ထုတ်ရောင်းချနိုင်ဖို့ လျပ်စစ်ကား အမျိုးအစားပေါင်း ၃၀ ကို ထုတ်လုပ်ရန် စီစဉ်နေတယ်လို့သိရပါတယ်။

 

 

Toyota က ပွဲဦးထွက်မယ့် ကားတွေထဲက လျှပ်စစ်စွမ်းအင်သုံးပစ်ကပ်ကား model ကိုတော့ Ford ရဲ F-150 Lightning၊ Rivian ရဲ့ R1T တို့နှင့်ရင်ဘောင်တန်းနိုင်အောင်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

 

ထို့အပြင် Toyota က လျှပ်စစ်စွမ်းအင်သုံးပြိုင်ကား model ဖြစ်တဲ့ Lexus Electric EV concepts ကိုလည်း ထုတ်ဖေါ်ပြသ ခဲ့ပါတယ်။ အမြန်နှုန်းအားဖြင့် ၀ မှ ၉၀ ကီလိုမီတာကို ၂ စက္ကန့်အတွင်း လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပြောထားပါတယ်။

 

 

တစ်ချိန်ထဲမှာပဲ Toyota က ၂၀၂၅ မှာ ဂျော်ဂျီယာပြည်နယ် မြောက်ကယ်လိုရိုင်းနားတွင် လျှပ်စစ်ကား ဘက်ထရီထုတ်လုပ် မယ့်စက်ရုံကို ဒေါ်လာ ၁.၂၉ ဘီလီယံဖြင့်တည်ဆောက်ရန်ကြေညာခဲ့ပါတယ်။ Toyota ဟာ EV ကားဈေးကွက်ကို ခြေချခဲ့ပြီးနောက် EV ကားဈေးကွက်ရဲ့ ထိပ်တန်းဟာ ဘယ်အမျိုးစားဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

 

သို့သော်လည်း Toyota က လျှပ်စစ်ကားတွင်ပါရှိမယ့်နည်းပညာအသေးစိတ်ကို ထုတ်ဖေါ်ပြောကြားခဲ့ခြင်းမရှိပေ။ ဒီအချက်ကလည်း Tesla , BMW , MG တို့က EV Car နဲ့ လက်တွဲထုတ်လုပ်တဲ့ အချက်နဲ့ကွဲပြားနေတာပဲဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS