26 April 2024

ဩဂုတ် ၂၄ ရက်၊ ၂၀၂၁

 

ယခုနှစ်တွင်ထိုင်းနိုင်ငံ၏စီးပွားရေးအခြေအနေသည် အလွန်ဆိုးရွာလာနေပြီး သုညရာခိုင်နှုန်းအောက်သာတိုးတက်မည်ဟု

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက သုံးသပ်ထားသည်။

 

ထိုင်းကုန်သည်ကြီးများအသင်းနှင့်ထိုင်းနိုင်ငံကုန်သည်ကြီးများကောင်စီလက်အောက်ရှိ ထိုင်းကုန်သည်ကြီးများတက္ကသိုလ်မှ

ထိုင်းစီးပွားရေးအပေါ်ယုံကြည်မှုညွှန်းကိန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မေလ မှ ဇူလိုင်လအထိ ၃၅ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ

၇၀ ဦးကိုစစ်တမ်းကောက်ယူခဲ့ပြီး စစ်တမ်းဖြေဆိုသူများသည် နိုင်ငံပေါင်း ၄၀ မှ ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံခြားကုန်သည်ကြီးများ

အသင်းများရှိ ဉက္ကဌ၊ ဒုဉက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။ အဆိုပါ ကုန်သည်ကြီးများအသင်းတွင်

အသင်းဝင်ကုမ္ပဏီပေါင်း ၈,၄၇၀ ရှိသည်ဟု ဆိုသည်။

 

စစ်တမ်းကောက်ယူချက်အရ နိုင်ငံခြားရင်းနှံးမြှုပ်နှံသူ ၇၀.၁ ရာခိုင်နှုန်းသည် ၂၀၂၁ ခုနှစ်တွင် ထိုင်းစီးပွားရေးသည် သုညရာခိုင်နှုန်း

အောက်တိုးတက်မည်ဟုဖြေဆိုထားပြီး ၁၇.၆ ရာခိုင်နှုန်းက ၀.၁ မှ ၂.၀ ရာခိုင်နှုန်း၊ ၁၁.၈ ရာခိုင်နှုန်းက ၂.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု

အသီးသီးဖြေဆိုထားသည်။

 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ၁၈.၇၅ ရာခိုင်နှုန်းက ထိုင်းစီးပွားရေးသည် ၂၀၂၂ ခုနှစ် တတိယသုံးလပတ်တွင်နာလန်ထူလာမည်ဟု

ဖြေဆိုထားပြီး ၁၇.၁၄ ရာခိုင်နှုန်းက ၂၀၂၃ ခုနှစ်ကျမှနာလန်ထူနိုင်မည်ဟုဖြေဆိုထားသည်။ ၂၇.၁၄ ရာခိုင်းနှုန်းမှာ ထိုင်းစီးပွားရေး

ပြန်လည်နာလန်ထူနိုင်မည့်အချိန်ကိုမခန့်မှန်းနိုင်ကြောင်း ဖြေဆိုထားသည်။

 

 

ကာကွယ်ဆေးထိုးနှံမှုနှေးကွေးနေခြင်း၊ ရောဂါကူးစက်မှုကိုမထိန်းချုပ်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များချေးငွေလက်လှမ်းမမီခြင်း၊

ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်၍ပြည်တွင်းစားသုံးမှုကျဆင်းလာခြင်း၊ နိုင်ငံပိတ်ထားခြင်းကြောင့် ခရီးသွားကဏ္ဍအတိအေးစက်သွားခြင်း

စသည့်ပြဿနာများကို အချိန်မီဖြေရှင်းရန်လိုအပ်သည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အကြံပြုထားသည်။

SHARE THIS NEWS

OTHER NEWS