29 April 2024

ကမ္ဘောဒီးယားနိုင်ငံ ဗောဓိသတ္တခရိုင်တွင် လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား ၁၀၃ ဦးကို ယနေ့နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံဘက်က ပြန်လည်လက်ခံခဲ့သည်ဟု Matichon သတင်းဌာနမှဖော်ပြထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံ ဗောဓိသတ္တခရိုင်တွင်လူကုန်ကူးခံရ၍ တာဝန်ရှိသူများက ကယ်ထုတ်လာသည့်ထိုင်းနိုင်ငံသား ၁၀၃ ဦးကို နေရပ်ပြန်ပို့ရန်အတွက် ယနေ့မနက် ၉ နာရီခွဲအချိန်တွင် ပွိုင်ပက်မြို့၌ ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေး ဒု-ညွှန်ကြားရေးမှုးချုပ် ရဲဒုဗိုလ်မှူးကြီး ယီ ဖီယာလီအပါအဝင်ကမ္ဘောဒီးယား ဘက်မှတာဝန်ရှိသူများလာရောက်တွေဆုံခဲ့ပြီးနောက် နေ့လယ် ၂ နာရီအချိန်တွင် ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါထိုင်းနိုင်ငံသားများသည် ကမ္ဘောဒီးယားနိုင်ငံ ဗောဓိသတ္တခရိုင်နှင့်သီဟနုဗျူးခရိုင်တွင် လူကုန်ကူးခံရခြင်းနှင့်အဓမ္မပြုကျင့်ခံရခြင်းကြောင့် ၎င်းတို့အနက် ၁၀ ဦးကအကူအညီတောင်းခံလာပြီးနောက် တာဝန်ရှိသူများမှဝင်ရောက်ကယ်ထုတ်ခဲ့ရခြင်းဖြစ်ပြီး နေရပ်ပြန်ပို့ရန် ၂ ထောင်ဦးကျန်ရှိနေသေးသည်ဟုသိရသည်။

 

နေရပ်ပြန်ထိုင်း ၁၀၃ ဦးကို ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ရွယ် အင်ခဖိုင်ရို့ကိုယ်တိုင်ရဟတ်ယာဉ်ဖြင့်သွားရောက်လက်ခံခဲ့သည်ဟု ရေးသားထားသည်။

 

၎င်းတို့ကို ထိုင်းနိုင်ငံ စကက်ယောက်ခရိုင်၊ အရန်ယပရာထေ့မြို့ရှိ ဟိုတယ်တစ်ခုတွင် ကွာရန်တင်းချထားပြီး ဌာနပေါင်းစုံအဖွဲ့မှ လူကုန်ကူးမှုမြောက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS