3 May 2024

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဘန့်ဟွေ့နာမ်းခေါင် မူ ၂ ဘန့်ကောင်ကျေးရွာအုပ်စု ကန်ကျဘူရီမြို့နယ် ကန်ကျနဘူရီခရိုင်မှာ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ဒေသခံသတင်းမှာ ဖော်ပြပါတယ်။

 

 

စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ သူတို့ကို ညနေ ၄ နာရီလောက်က ပုန်းအောင်းနေရာ သစ်တောထဲမှာ မြန်မာ ၁၂ ယောက်ကိုတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

 

 

ဖမ်းမိသူတွေထဲမှာ မြန်မာအမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါဝင်ပြီး သူတို့ ဟာ ပဲခူး၊ မြဝတီနဲ့ ရန်ကုန်မြို့တွေကနေ ဘန်ကောက်ထိ ရောက်ရှိဖို့ တယောက်ကို ပွဲ စားခဘတ်ငွေ ၁၆,၀၀၀ စီ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကာ နေရပ်ပြန်ပို့နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

Ref: DVB TV News

ဓါတ်ပုံ_โจโฉ

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS