10 May 2024

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံတွင် သတ်မှတ်ထားသည့် ညမထွက်ရကာဖြူးအချိန်ကို ည ၁၁ နာရီမှ မနက် ၃ နာရီအဖြစ်ဖြေလျှော့ရန် ထိုင်းအစိုးရအတည်ပြု။

 

ထိုင်းနိုင်ငံတွင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့် (ကာဖြူး) အချိန်ကို ည ၁၁ နာရီမှမနက် ၃ နာရီအဖြစ်ဖြေလျှော့ပေးရန်အဆိုကို ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ ဦီးဆောင်သည့် ထိုင်းနိုင်ငံကိုဗစ်-၁၉ ဗဟိုဌာနမှ ယနေ့မနက်တွင် ဆွေးနွေးပြီးနောက် အတည်ပြုပေးခဲ့သည်ဟု ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

 

အဆိုပါဖြေလျှော့မှုသည် အောက်တိုဘာ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၄ ရက်ကြာအာဏာတည်မည်ဟု ဆိုသည်။

 

တချိန်တည်းတွင် နိုင်ငံခြားခရီးသွားများကိုကွာရန်တင်းဝင်ရန်မလိုဘဲ ပြည်ဝင်ခွင့်ပေးရန်အဆိုကိုဆွေးနွေးခဲ့ကြပြီး လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင် လော့ခ်ဒေါင်းရုပ်သိမ်းရန်အလားအလာရှိသည်ဟု ၎င်းကပြောကြားသည်။

 

ထို့ပြင် အနီရင့်ရောင်ဇုန်ကို ၂၃ ခရိုင်၊ အနီရောင်ဇုန်ကို ၃၀ ခရိုင်၊ လိမ္မော်ရောင်ဇုန်ကို ၂၄ ခရိုင်ပြောင်းလဲသတ်မှတ်ထားသည်ဟု သိရှိရသည်။

 

စီးပွားရေးမြို့တော်ဖြစ်သည့်ဗန်ကောက်တွင် လုပ်ငန်းအမျိုးမျိုးကို ည ၁၀ နာရီအထိဖွင့်လှစ်ခွင့်ပြုလိုက်ပြီဟု ဆိုသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS