26 April 2024

၂၀၂၁ ဩဂုတ်လ ၁၆ ရက်နေ့ ည ၂၁.၃၀ အချိန်က ဘန်ကောက်မြို့ နောင်ခမ်းမြို့နယ် ဖစ်ကစင်လမ်း ရှိနေအိပ်တစ်ခု၌ လူကြီးကစားစရာရောင်းတဲ့အိမ်ကို ရဲတပ်ဖွဲ့က အင်အားအလုံးစုံဖြင့် ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ရာ…ယျောင်္ကားအင်္ဂါအတု၊ မိန်းကလေးအင်္ဂါအတု နဲ့ အခြား ကာလတန်းဖိုး ဘတ် ၃ သန်းခန့်ရှိတဲ့ Sex Toy ပစ္စည်းတွေ ရောင်းချသူ (ပစ္စည်းပိုင်ရှင်) ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ် လို့သတင်းမှာဖေါ်ပြထားပါတယ်။

 

 

 

ဒုရဲမှူးကြီး ထရင်က အဆိုပါအိမ်ကို ဘန်ဘော်တရားရုံထံမှ ဖမ်းဝရမ်းဖြင့်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ တာဖြစ်ပြီး သက်သေခံပစ္စည်းတွေနဲ့အတူ ထိုင်းအမျိုးသား ၁ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး ကိုဖမ်းဆီးရ မိခဲ့ကာ အဆိုပါတရုတ်နိုင်ငံသားဟာ အထောက်အထားပြသနိုင်ခြင်းလည်းမရှိဘူး လို့ဆိုပါတယ်။

အဆိုပါပစ္စည်းတွေကို တရုတ်နိုင်ငံကတင်သွင်းတာဖြစ်ပြီး အွန်လိုင်းကတစ်ဆင့်ရောင်းချ တာဖြစ်ကြောင်း ထိုင်းနိုင်ငံသား “အေကရာတ်” ကဝန်ခံပါတယ်။

 

 

ရဲတပ်ဖွဲ့ကတော့ ပိုင်ရှင် ၂ ဦးကို သွင်းကုန်ပို့ကုန်/ညစ်ညမ်းပစ္စည်းများ ရောင်းချခြင်း/အခွန်ရှောင် ပစ္စည်းတင်သွင်းခြင်းစတဲ့ ဥပဒေနဲ့ တရားစွဲဆိုထားလျက်ရှိကြောင်း သိရပါတယ်။

SHARE THIS NEWS

OTHER NEWS