30 April 2024

ဂျိုးကြီးကို သတ်မည့်ဟုခြိမ်းခြောက်သူကို FBI ရှင်း
.
ဩဂုတ် ၁၁ ရက်၊ ၂၀၂၃
.
အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် ကို သတ်မည့်ဟု ခြိမ်းခြောက်သည့် အမျိုးသားတဦးကို FBI က ရှင်း ပစ်လိုက်သည်ဟု အလွတ်တန်းသတင်းထောက် Thet Htwe Naing က ဩဂုတ် ၉ ရက်နေ့ (၂၀၂၃) တွင် ဖော်ပြ ထားသည်။
.
အဆိုပါအမျိုးသားမှာ Craig Robertson ဟု သိရပြီး သမ္မတ ဂျိုင်းဘိုင်ဒင်အပါအဝင် တခြားသူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အတွက် အမေရိကန်ပြည်ထောင်စု အနောက် ဘက်ခြမ်း Utah ပြည်နယ်၊ Provo မြို့ရှိ နေအိမ်တခုတွင် FBI တပ်ဖွဲ့က ရှာဖွေဝရမ်းဖြင့်ဝင်ရောက်စီးနင်းပြီး
ပစ်သတ်ခဲ့သည်ဟု ဖော်ပြထားသည်။
.
Robertson သည် ၎င်းလှုပ်ရှားမည့်အစီအစဉ်ကို အွန်းလိုင်းပေါ်တွင်ဖော်ပြထားပြီး ယင်းခြိမ်းခြောက်မှု သည် ယုံကြည်နိုင်လောက်သည်ဟု ဖော်ပြထားသည်။
.
သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် ဒုသမ္မတနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား တရားစွဲသည့်အရာရှိ တော်တော်များများကို ခြိမ်းခြောက်သည့်စာများသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး အဆိုပါလုပ်ရပ်
သည် Robertson လက်ချက်ဖြစ်သည်ဟု ယုံကြည်ရကြောင်း ဆက်လက်ဖော်ပြထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS