3 May 2024

အရှေ့အလယ်ပိုင်းရှိ ဆိုက်ပရပ်စ်ကျွန်းနိုင်ငံတွင် ဒေလ်တာနှင့်အိုမီခရွန်ပေါင်းစပ်ထားသည့် ဒေလ်တာခရွန်မျိုးကွဲ (DeltaCron) ကိုဗစ်-၁၉ တွေ့ရှိ။

ဒေလ်တာခရွန်၏မျိုးရိုးဗီဇသည် အိုမီခရွန်နှင့်ဆင်တူပြီး ဒေလ်တာဂျီနိုထဲတွင်တည်ရှိသည်ဟု “ဒေလ်တာဂျီနို” ကို အမည်ပေးသူ ဆိုက်ပရပ်စ်တက္ကသိုလ် ဇီဝသိပ္ပံဌာန မှ ပါမောက္ခလီအွန်ဒီအော့စ် ကဆိုသည်။

တချိန်တည်းတွင် ထပ်မံလေ့လာမှုများပြုလုပ်နိုင်ရန် ရှာဖွေတွေ့ရှိချက်များကို ကမ္ဘာ့ဗဟိုကိုဗစ်ပင်မအချက်အလက်ဌာန (GISAID) သို့ပေးပို့ထားသည်ဟု ဆိုသည်။

အဆိုပါ ဗီဇပြောင်းလဲမှုကို လူနာ ၂၅ ဦးတွင်တွေ့ရပြီး လတ်တလောတွင် ဒေလ်တာခရွန်လူနာဦးရေမည်မျှရှိသည်နှင့်အခြားမျိုးကွဲများထက်ကူးစက်လွယ်မှုမည်မျှရှိသည်ကို ဖော်ပြရန် ဆောလွန်းသည်ဟု ဆိုသည်။

မည်သို့ဆိုစေ အနာဂတ်တွင် ဒေလ်တာခရွန်ထက် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုပိုမိုများပြားမည်ဟု ပါမောက္ခ က မှတ်ချက်ပေးသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS