14 May 2024

တာ့ခ်တွင် လမ်း​ပျက်၍ ​ကျောင်းသုံးရက်ပိတ်ရ
.
ဩဂုတ် ၇ ရက်၊ ၂၀၂၃
.
ယနေ့မနက်အ​စောပိုင်းတွင် ထိုင်းနိုင်ငံ​မြောက်ပိုင်း တာ့ခ်ခရိုင်နှင့် မယ်​ဟောင်​ဆောင်ခရိုင်တို့ကို ဆက်သွယ်ထား​သော အမှတ် ၁၀၅ လမ်းမကြီးတွင် လမ်း​မြေသားနိမ်ကျသွားပြီး အက်ကွဲသွားခြင်း​ကြောင့် ဖြတ်သန်းသွားလာခြင်းမပြုနိုင်၍ တာ့ခ်ခရိုင်၊ ထာ့​ဆောင်းယန်မြို့နယ်၊ ထာ့​ဆောင်းယန်​ကျေးရွာအုပ်စု၊ မယ်ကျွမ်​ကျေးရွာစာသင်​ကျောင်းကို ၃ ရက်ပိတ်လိုက်ရသည်။
.
တာ့ခ်ခရိုင်တွင် ဇူလိုင်လ ၃၁ ရက်​နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်း​ကြောင့် ရုတ်တရက်​ရေကြီး​ရေလျှံခြင်း၊ ​တောင်ကျ​ချောင်း​ရေလျှံခြင်း၊ ​မြေပြိုခြင်း စသည့်သဘာဝ​ဘေးအန္တရာယ်များ​တောက်​လျှောက်ဖြစ်​ပေါ်ခဲ့ပြီး အမှတ် ၁၀၅ လမ်းမကြီးတွင် ​နေရာ ၃ ခုအထိ လမ်း​မြေသားနိမ့်ကျပြီးလမ်းအက်ကွဲမှုဖြစ်​ပေါ်ခဲ့သည်။
.
Photo:AEC
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS