26 April 2024

,

အိပ်ရေးမဝခြင်းဟာ ကျန်းမာရေးအတွက်များစွာထိခိုက်စေပါတယ်။ တစ်ချိန်ထဲမှာပဲ လုံလောက်စွာ အိပ်စက်ခြင်းကလည်း အောက်မှာ ဖေါ်ပြထားတဲ့အတိုင်း ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာရှိစေပါတယ်။

– ကိုယ်ခံအားမြှင့်တင်ပေးခြင်း

လုံလောက်စွာအိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးတာကြောင့် အလုပ်တွေလုပ်ရာမှာလည်း တက်တက်ကြွကြွဖြစ်နေစေမှာပါ။ လေ့လာချက်တွေအရ  တစ်နေ့ကို ၇-၈ နာရီအထက်အိပ်တဲ့သူတွေဟာ တုပ်ကွေးဖြစ်နိုင် ခြေနည်းပါးပါတယ်။ အိပ်ချိန်နည်းတဲ့သူတွေကတော့ ခန္ဓာကိုယ်တွင်း တုပ်ကွေးဝင်ရောက်နိုင်စွမ်း ၃ ဆ ပိုရှိကြောင်း တွေ့ရှိရတယ်လို့သိရပါတယ်။

– လိင်သာယာမှုကိုမြင့်တင်ပေးခြင်း

အိပ်ရေးမဝခြင်းက လိင်ဆက်ဆံတဲ့အခါမှာလည်း သာမန်ထက်ပိုပြီး နွမ်းလျစေနိုင်ပါတယ်။ လူပျိုဖော်စဝင်ပြီဆိုရင် ခန္ဓာကိုယ်အတွက်ပြောင်းလဲရန်  Testosterone ဟော်မုန်းဓာတ်တွေ လိုအပ်လာကြပါတယ်။ လေ့လာတွေ့ရှိချက်အရ လုံလောက်စွာအိပ်စက်ခြင်းမရှိတဲ့ ယောင်္ကျားလေးအများစုမှာ Testosterone နည်းနေတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် လုံလုံလောက်လောက်အိပ်စက်ပေးခြင်းက လိင်ပိုင်းဆိုင်ရာကျန်းမာရေးကိုပိုမိုကောင်းမွန်လာပြီး လိမ်ဆက်ဆံတဲ့ အချိန်မှာလည်း ပိုပြီးသာယာမှုရစေမှာပါ။

– ပျော်ရွှင်လန်းဆန်းခြင်း

ဟုတ်ပါတယ်…လုံလုံလောက်လောက်အိပ်စက်ပြီးနိုးထလာချိန်မှာ စိတ်ကကြည်လင်လန်းဆန်းနေမှာပါ။ အိပ်ချိန်နည်းပါးတဲ့ သူတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အိပ်ချိန်နည်းတဲ့သူတွေဟာ ထိုင်းမှိုင်းပြီး ရေရှည်မှာ စိတ်ကျရောဂါဖြစ်နိုင်ခြေများပါတယ်။

– အာရုံစူးစိုက်မှုကိုမြှင့်တင်ပေးခြင်း

လုံလောက်စွာအိပ်စက်ခြင်းက ဦးနှောက်ကို အထောက်အကူပြုပြီး အလုပ်လုပ်တဲ့အချိန် ဒါမှမဟုတ် စာသင်ခန်းထဲ မှာ ပိုပြီး အာရုံစူးစိုက်မှုရှိစေမှာပါ။ အချိန်ပြည့်အိပ်စက်လေ့ရှိတဲ့သူတွေက မေ့လျော်ခြင်းဝေဒနာတွေသိပ်မရှိတာကိုလည်း တွေ့ရပါတယ်။

– ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း

အများစုက အိပ်ရေးမဝရင်ပိန်တယ်လို့ ယုံကြည်ထားကြတာပါ။ တစ်ကယ်တမ်းက အိပ်ရေးပျက်လေပိုဝလေပါပဲ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ လက်ပ်တင်ဟော်မုန်းတွေဟာ လျော့နည်းသွားလေ့ရှိပါတယ်။ လက်ပ်တင်ဟော်မုန်း မမျှတရင် ဒါ မှမဟုတ် ဒီဟော်မုန်းကို တွန်းလှန်မှု ရှိ နေရင် တခြားဟော်မုန်းတွေလည်း ကောင်း ကောင်းမျှတဖို့ မလွယ်ပါဘူး။ လက်ပ်တင်ဟော်မုန်းကို ဟန်ချက် ညီအောင် လုပ်ဆောင်ပေးမှ မျိုးအောင် နိုင်စွမ်း ကောင်းပြီး ကိုယ်အလေးချိန် မြန် မြန်လျော့ကျကာ အိပ်ရေးဝ၀ အိပ်ပျော် စေမှာ ဖြစ်ပါတယ်။

– ကိုက်ခဲဝေဒနာလျော့ချပေးခြင်း

လုံလောက်စွာအိပ်စက်ခြင်းက ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးရဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ ခန္ဓာကိုယ်က အနားယူနေချိန်မှာ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ဖြည့်တင်းကုစားပေးပါတယ်။ အိပ်ရေးပျက်ပြီး ကိုက်ခဲတဲ့ဝေဒနာတွေခံစားနေရပြီဆိုရင် ဆရာဝန်ဆီအမြန်ဆုံး သွားပြသင့်ပါတယ်။

– ကားမတော်တဆဖြစ်နိုင်ခြေကိုလျော့ချပေးခြင်း

ယာဉ်မတော်တဆမှုများရဲ့ ၂၀ ရာခိုင်နှုန်းဟာ ယာဉ်မောင်းသူရဲ့ အိပ်ငိုက်မှု သို့မဟုတ် အိပ်ပျော်သွားမှု သို့မဟုတ် အိပ်ရေးပျက်မှုများကြောင့် ဖြစ်ခဲ့ရကြောင်း သုတေသနပြုချက်များအရတွေ့ရှိရပါတယ်။ ဝလင်အောင်အိပ်စက်ခြင်းက ကားမတော်တဆဖြစ်နိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS