6 May 2024

ကမ္ဘာကျော်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဂူဂယ်ကုမ္ပဏီ (Google) သည် အိုမီခရွန်ရိုက်ခတ်မှုကြောင့် ဝန်ထမ်းများရုံးပြန်တက်ရမည့်ရက်ကိုရွှေ့ဆိုင်းခဲ့ရပြီး ကာကွယ်ဆေးထိုးနှံရန်ငြင်းဆိုသည့်ဝန်ထမ်းများကို လုပ်ငန်းခွင်စည်းကမ်းဆိုင်ရာပြစ်ဒဏ်ပေးမည်ဟု ကြေညာ။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရိုက်ခတ်မှုကြောင့် လာမည့်ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဝန်ထမ်းများအား တစ်ပတ်လျင် ၃ ရက်ရုံးပြန်တက်ရန်မူလစီစဉ်ထားချက်ကို ဂူဂယ်ကုမ္ပဏီက ရွှေ့ဆိုင်းခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ငြင်းဆိုသည့်ဝန်ထမ်းများကို အလုပ်နားစေခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းဖြင့် ပြစ်ဒဏ်ပေးမည်ဟု ကြေညာထားသည်ဟု CNBC သတင်းဌာနကဖော်ပြထားသည်။

ဝန်ထမ်းများကို ဒီဇင်ဘာ ၃ ရက်နေ့အတွင်း ကာကွယ်ဆေးထိုးနှံထားသည့်အထောက်အထားတင်ပြရန်သို့မဟုတ် ဆေးဘက်ဆိုင်ရာနှင့်ဘာသာရေးဆိုင်ရာအကြောင်းပြချက်ကြောင့်ကင်းလွှတ်ခွင့်ရရှိထားသည့်အထောက်အထားတင်ပြရန် ဂူဂယ်ကုမ္ပဏီကကြေညာထားပြီး သတ်မှတ်ရက်ကျော်လွန်သည့်အခါ ကုမ္ပဏီမှစစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့အတွင်း ယင်းကြေညာချက်ကိုလိုက်နာခြင်းမရှိသည့်ဝန်ထမ်းများကို လစာပုံမှန်ပေးခြင်းဖြင့် ရက် ၃၀ အလုပ်နားစေမည်ဖြစ်ပြီး ထပ်မံလိုက်နာခြင်းမပြုလျင် လုပ်ခလစာမပေးဘဲ ၆ လကြာအလုပ်နားစေမည်ဖြစ်ကာ နောက်ဆုံးတွင်အလုပ်မှထုတ်ပယ်မည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS