26 April 2024

,

နေ့လည်ဘက်အိပ်ငိုက်တတ်တဲ့အကျင့်က အသက်အရွယ်ပိုင်းမခြားနားဘဲ လူတိုင်းဖြစ်တတ်ပါတယ်နော်။ အမြဲတလို အိပ်ငိုက်နေခြင်းက လုပ်ငန်းခွင်ကိုလည်းထိခိုက်သလို အလုပ်လုပ်ရာမှာလဲ ထိထိရောက်ရောက်ရှိတော့မှာမဟုတ်တဲ့အတွက် နေ့ခင်းဘက်အိပ်ငိုက်ခြင်းကိုဖြေရှင်းနည်း ၅ ချက် ကိုဖေါ်ပြပေးလိုက်ပါတယ်ရှင့်။

၂. ရေများများသောက်ပါ 

ရေများများသောက်ခြင်းက အိပ်ငိုက်ခြင်းကို ဖြေလျော့ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ တည်ဆောက်ထားတာကြောင့် ရေသောက်ပြီးပြီးချင်း လန်းဆန်းသွားစေမှာပါ။ နောက်တစ်နည်းကတော့ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေကိုသောက်သုံးပေးခြင်းကလည်း အိပ်ငိုက်ပြေစေမှာပါနော်။

၂. အချဉ်သီးတွေစားပေးပါ 

လိမ္မော်သီး၊ နနာတ်သီး၊ သရက်သီး၊ သင်္ဘောဇီးဖြူ စတဲ့ အချဉ်သီးတွေကို စားပေးခြင်းက လည်း အိပ်ငိုက်ပျောက်စေပါတယ်နော်။

၃. စည်းချက်မြန်ဆန်တဲ့သီချင်းတွေနားထောင်ပါ 

အိပ်ငိုက်နေစဉ်မှာ နှေးနှေးကွေးကွေးသီချင်းတွေနားထောင်လို့ကတော့ ပိုပြီးအိပ်ငိုက်စေမှာအမှန်ပါပဲ။ အသံလှိုင်းက အာရုံကြောကို လှုံဆွပေးနိုင်တာကြောင့် အိပ်ငိုက်နေရင် စည်းချက်မြန်တဲ့ ရော့ခ်သီချင်းတွေနားထောင်ကြည့်နော်

၄. ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း 

အိပ်ငိုက်နေပြီဆိုရင် ဟိုနားဒီနားလမ်းလျှောက်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်း ခနတာ လုပ်ပေးကြည့်ပါ။ သူငယ်ချင်းတွေ နဲ့စကားပြောတာဖြစ်စေ မျက်နှာသစ်လိုက်တာပဲဖြစ်စေ စတဲ့အပြုအမူတွေက အိပ်ငိုက်ခြင်းကို လျော့ချပေးနိုင်မှာပါ။

၅. ခနအိပ်လိုက်ပါ။ 

အပေါ်ကနည်းလမ်းတွေအသုံးမဝင်တော့ရင်တော့ ၁၀-၁၅ မိနစ်လောက် အချိန်တိုအိပ်စက်ကြည့်လိုက်ပါနော်။ အိပ်စက်ခြင်းက ဦးနှောက်ကိုအနားပေးတဲ့နည်းလမ်း တစ်ခုဖြစ်တာကြောင့် ထလာတာနဲ့ တက်ကြွလန်းဆန်းနေစေမှာပါ။

တကယ်တမ်းတော့ အိပ်ငိုက်ခြင်းက လုံလုံလောက်လောက် အိပ်စက်ခွင့်မရတာကြောင့် ဖြစ်တာပါ။ ရည်ရှည်အိပ်ရေးမဝရင် ကျန်းမာရေးကိုထိခိုက်နိုင်တာကြောင့် အခြားအရာတွေကိုလျော့ပြီး တစ်နေ့ကို ၆-၈ နာရီကြားအိပ်စက်အနားယူကြဖို့ အကြံပြုလိုက်ပါတယ်နော်။

เรื่องฮอตในรอบสัปดาห์

လှပပြီး တင်းရင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီတွေကို လောင်ကျွမ်းစေမယ့် အစားအစာ (၆) မျိုး

SHARE THIS NEWS

OTHER NEWS