3 May 2024

တာ့ခ်ခရိုင်တွင် မပြတ်ခိုးဝင်လုပ်သားရှိနေ၊ ကိုဗစ်ကပ်ရောဂါကြောင့် ဇာတိမြို့တွေမှာအလုပ်မရှိ၊ ပွဲစားကို ၁၅၀၀၀ ဘတ်ပေးပြီး နယ်စပ်ကူးဖို့လမ်းပြခိုင်း!!

ဒီကနေ့ နံနက်အစောပိုင်းက (စက်တင်ဘာ ၆) မဲဆောက်ရဲအရာရှိ၊ မဲဆောက်မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့် ထိုင်းတပ်သားများ ကင်းလှည့်နေစဥ် ရွှံ့တွေနှင်းထားတဲ့ လတ်လတ်ဆတ်ဆတ် ခြေရာတွေ တွေ့ရတာကြောင့် ခြေရာခံရှာဖွေခဲ့ပြီး။ တောထဲမှာပုန်းနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်စုကို တွေ့ခဲ့ပါတယ်။

 

 

ပုန်းနေတဲ့အုပ်စုထဲက တစ်ယောက်မှာတော့ အာဏာပိုင်လာဖမ်းနေတာကိုအရင်တွေ့တာကြောင့် သောင်းရင်းမြစ်ထဲကိုခုန်ချပြီး မြန်မာဘက်ကိုကူးသွားလို့ လွတ်မြောက်သွားခဲ့ပေမယ့်။ ၅ ဦီးကိုတော့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျား ၃ ဦီး၊ မ ၂ ဦးဖြစ်ပါတယ်။ ၅ ဦီးစလုံးက မြန်မာနိုင်ငံသားတွေပါ။ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာကြသူများဖြစ်ကြပါတယ်။ ခိုးဝင်လာတဲ့ အသက် ၃၈ နှစ်ရှိ မြန်မာတစ်ယောက်ကို စစ်ဆေးမေးမြန်းရာမှာတော့ ထိုင်းကိုဝင်ဖို့ ပွဲစားတစ်ဦးကိုငှားရမ်းခဲ့ပါတယ်။ ပွဲစားအမည်တော့ မသိရပါ။ တစ်ယောက်ကို ၁၅၀၀၀ ဘတ်ကုန်ပါတယ်။ ဇာတိမြို့မှာနေရင်လဲ အလုပ်ကမရှိ၊ ကိုဗစ်ကပ်ရောဂါလဲကြောက်နေရလို့ ထိုင်းကိုလာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

 

 

ဖမ်းဆီးရမိထားတဲ့ မြန်မာ ၅ ဦးကိုတော့၊ ကိုဗစ်ရောဂါရှိ၊ မရှိ၊ စောင့်ကြည့်ရန်အတွက် ကွာရန်တင်းစင်တာမှာသွားထားမှာဖြစ်ပါတယ်။ ထိုနောက်မှာတော့ ခွင့်ပြုချက်မရဘဲ နိုင်ငံခိုးဝင်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ နယ်မြေခံသတင်းတွေက ဖော်ပါထားပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ MGR Online Thai/Post

SHARE THIS NEWS

OTHER NEWS