3 May 2024

လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင်ကျရောက်မည့် ထိုင်းရိုးရာလွယ်ကရထုံမီးမျှောပွဲတော်ညတွင် မီးပန်း၊ ဗြောက်အိုး၊ မီးပုံး ကစားခြင်းမပြုရန် ဗန်ကောက်အစိုးရ သတိပေးထုတ်ပြန်။

 

လာမည့် လွယ်ကရထုံပွဲတော်ညတွင် မီးပန်းများပစ်ခြင်း၊ ဗြောက်အိုးဖောက်ခြင်း၊ မီးပုံးလွှတ်တင်ခြင်းစသည့်လုပ်ရပ်များကြောင့် မီးဘေးသင့်မည်ကိုစိုးရိမ်၍ အဆိုပါပွဲတော်ညတွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှခွင့်ပြုချက်ရရှိထားသည်မှအပ မြို့တော်ဗန်ကောက်နယ်မြေအတွင်း မီးပန်း၊ ဗြောက်အိုး၊ မီးပုံး စသည့်မီးပါရှိသည့်အရာများကို ရောင်းချခြင်းနှင့်ကောင်းကင်ပေါ်လွှတ်တင်ခြင်းများမပြုရန် ဗန်ကောက်အစိုးရမှ အများပြည်သူဘေးအန္တရာယ်ကင်းရေးဆိုင်ရာတားမြစ်ချကတစ်ရပ်ကို ထုတ်ပြန်ကြေညာထားသည်။

 

 

ခွင့်ပြုချက်မရဘဲ မီးပန်းအမျိုးမျိုးပစ်ခြင်းနှင့်မီးပုံးအမျိုးမျိုးကိုလွှတ်တင်ခြင်းပြုလျှင် ၃ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၆ သောင်းထက်မပိုသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။

 

တဆက်တည်းတွင် ခွင့်ပြုချက်မရဘဲ တရုတ်ဗြောက်အိုးအပါအဝင် ဗြောက်အိုးအမျိုးမျိုးဖောက်ခြင်းပြုလျှင် ၃ လထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၆ ထောင်ထက်မပိုသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟု ဆက်လက်သတိပေးထားသည်။

 

သတင်း ရွှေကရင်(ရမညမြေ)

SHARE THIS NEWS

OTHER NEWS