5 May 2024

ထိုင်းဝက်သားနှင့်ဝက်သားထုတ်ကုန်များကိုထိုင်ဝမ်သို့နည်းမျိုးစုံဖြင့်ယူသွင်းခြင်းကို ထိုင်းဝမ် အစိုးရတင်းကျပ်၊ တရားမဝင်ယူသွင်းလျင် ထိုင်ဝမ်ဒေါ်လာ ၂ သိန်းဒဏ်ခတ်မည်၊ လိုက်နာခြင်းမရှိလျင်နေရပ်ပြန်ပို့မည်ဟု ထုတ်ပြန်။

ထိုင်းမွေးမြူရေးဦးစီးဌာနမှ ထိုင်းနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) တွေ့ရှိသည်ဟု တရားဝင်ကြေညာလိုက်ပြီးနောက် ထိုင်ဝမ်မြေပေါ်သို့ထိုင်းဝက်သားနှင့်ထိုင်းဝက်သားထွက်ကုန် အမျိုးမျိုး ယူသွင်းလာမည့် ပြည်သူများနှင့်ခရီးသွားများအား ထိုင်ဝမ်အစိုးရမှတင်းကျပ်လိုက်သည်ဟုသိရသည်။

ထိုင်းဝက်သားနှင့်ဝက်ထုန်ကုန်အမျိုးမျိုးကို တရားမဝင်ယူသွင်းလာခြင်းကိုတွေ့ရှိလျင် ထိုင်ဝမ်ဒေါ်လာ၂ သိန်း (ဘတ် ၂ သိန်း ၄ သောင်း) ဒဏ်ခတ်မည်ဟုဖော်ပြထားပြီး ထပ်မံကျူးလွန်လျင် အမြင့်ဆုံးဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁ သန်း (ဘတ် ၁ သန်း ၄ သိန်း) ချမှတ်မည်ဟု ဖော်ပြထားပြီး နေရပ်ပြန်ပို့မည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ (၂၀၂၁) တွင် ထိုင်းနိုင်ငံမှထိုင်ဝမ်သို့ပို့လာသည့်ပါဆယ်ထုပ်တစ်ခု အတွင်းရှိ ဝက်အူချောင်းများတွင် (ASF) ပိုးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထပ်မံစစ်ဆေးရာ အတည်ပြုနိုင်ခဲ့သော်လည်း ယင်းဝက်အူချောင်းသည် ပြည်ပမှတရားမဝင်တင်သွင်းလာသည့် ဝက်သား ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်ဟု ထိုင်းအစိုးရဘက်မှပြန်လည်ဖြေရှင်းချက်ပေးခဲ့သည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS