28 April 2024

ဓာတ်ပုံ กรมอุตุฯ

 

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံကို နှစ်ပေါင်း ၇၀ အတွင်း အားအပြင်းဆုံးမုန်တိုင်းတိုက်ခတ်မည့်သတင်းသည် သတင်းအမှားဟု မိုးဇလဖြေရှင်း။

 

ဆယ်စုနှစ် ၇ ခုအတွင်းအားအပြင်းဆုံးမုန်တိုင်းတစ်ခုဖြစ်လာမည့် ကွန်ပါစုမုန်တိုင်းသည် ထိုင်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်မည်ဟု အွန်လိုင်းပေါ်တွင်ဗီဒီယိုတစ်ခုပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါသတင်းသည် သတင်းအမှားသာဖြစ်သည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်ထားသည်။

 

အဆိုပါ ကွန်ပါစုမုန်တိုင်းသည် ယနေ့ (အောက်တိုဘာ ၁၅) တွင် အားပျော့သွားပြီးနောက် အားနည်းမုန်တိုင်းအဖြစ်ပြောင်းလဲသွားပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ပြောင်းလဲသွားမည်ဟု ဆိုသည်။

 

 

ကွန်ပါစုမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ ဝင်မြို့အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ တန်ကီပင်လယ်ကွေ့တွင်ဗဟိုပြုဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းအလယ်ဗဟိုလေတိုက်နှုန်းသည် တစ်နာရီလျှင် ၆၅ ကီလိုမီတာရှိကာ တစ်နာရီလျှင် ၂၀ ကီလိုမိတာနှုန်းဖြင့် အနောက်မြောက်ဘက်သို့ရွေ့လျားနေပြီး ပြီးခဲသည့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းရကြောင်း ထိုင်းမိုးဇလဌာနက အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီတွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS