26 April 2024

စမွတ်ဆာခွန်တွင် မြန်မာအချင်းချင်း လူသတ်မှု ဖြစ်ပွား
.
ဇူလိုင် ၈ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက် အနောက်တောင်ဘက်ရှိ စမွတ်ဆာခွန်ခရိုင်၊ ကရာထွန့်ဘန်းမြို့နယ် နယ်မြေ အတွင်း စက်ရုံတခုတွင် ယမန်နေ့ညက မြန်မာအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့သည်ဟု နယ်မြေခံ သတင်းပေ့ချ် တခု က ယနေ့မနက်တွင် ဖော်ပြထားသည်။
.
ယနေ့မနက်တွင် စမွတ်ဆာခွန်ခရိုင်၊ ကရာထွန့်ဘန်းမြို့နယ်၊ ထာ့ဆားကျေးရွာအုပ်စုနယ်မြေအတွင်းရှိ စက်ရုံတခုတွင် လူသတ်မှုဖြစ်သည်ဟု တိုင်ကြားချက်ရရှိပြီးနောက် ကရာထွန့်ဘန်းနယ်မြေရဲစခန်းမှ အားချင်းသွားရောက်စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိသွားချိန်တွင် ဘယ်ဘက်ရင်ဘတ်နှင့်ဘယ်ဘက်နို့အောက်နားတွင် ထိုးသွင်းဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသောအမျိုးသားတဦးကို တွေ့ရှိရပြီး သေဆုံးသူအနီးတွင် ၁ ပေ ခန့်ရှည်လျားသော သံချွန်တချောင်းကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
.
ကနဦးစစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရှိသူ မြန်မာအမျိုးသားတဦးဖြစ်သည်ဟု သိရှိရပြီး
အခင်းဖြစ်ပွားသည့်ညတွင် မြန်မာလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ညဆိုင်းဆင်းရာက မနက် ၃ နာရီခန့် တွင် အချင်းများသည့်ဆူညံသံကြားရပြီးနောက် တခဏအကြာတွင် တိတ်သွား၍ တခြားအလုပ်သမား များက အမှုမဲ့အမှတ်မဲ့သာ နေလိုက်ကြသည်ဟု ဖော်ပြထားသည်။
.
ထို့နောက် မနက်မိုးလင်းသည့်အခါ လူသေအလောင်းကို တွေ့ရှိရ၍ ရဲစခန်းထံတိုင်ကြားခဲ့သည်ဟု ဖော်ပြထားသည်။
.
လက်ရှိတွင် လူသတ်မှုကျူးလွန်သည်ဟု ယူဆရသော သေဆုံးသူနှင့်အလုပ်တွဲလုပ်သူမြန်မာတဦးမှာ ထွက်ပြေးတိမ်းရှောင်းနေပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှခြေရာခံစစ်ဆေးနေသည်ဟု ဆက်လက်ဖော်ပြထားသည်။
.
Photo: ทีมข่าวภูมิภาคสมุทรสาคร
.

SHARE THIS NEWS

OTHER NEWS